တရုတ်နျူကလီးယားတပ်ဖွဲ့ ထိပ်တန်းတာဝန်ရှိသူနှစ်ဦးကို ထုတ်ပယ်ပြီး အစားထိုးခန့်အပ်

ပေကျင်း၊ သြဂုတ်-၁-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံ နျူကလီးယားတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ ထိပ်တန်းခေါင်းဆောင်နှစ်ဦးနေရာမှာ အစားထိုးခန့်အပ်မှု ပြုလုပ်ခဲ့တာကြောင့် သူတို့နှစ်ဦးနဲ့ပတ်သက်တဲ့ပြီး ထင်ကြေးအမျိုးမျိုးထွက်ပေါ်နေပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး လီယုချာအိုနဲ့ သူ့ရဲ့လက်ထောက်တို့ဟာ လနဲ့ချီပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့နေရာမှာ လက်ထောက်ရေတပ်ဦးစီးချုပ်ဟောင်း ဝန်ဟူဘင်နဲ့ ပါတီဗဟိုကော်မတီဝင် ရှူရှီရှန်းတို့ကို သမ္မတရှီကျင်းပင်က အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒုံးကျည်တပ်ဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်ချုပ်ကြီး လီယုချာအိုနဲ့ သူ့ရဲ့လက်ထောက်တို့ ဘယ်မှာရှိနေတယ်ဆိုတာ အာဏာပိုင်တွေက မှတ်ချက်မပေးပေမယ့် အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ သူတို့နှစ်ဦးကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်း South China Morning Post သတင်းဌာနက ပြီးခဲ့တဲ့အပတ်က ဖော်ပြထားပါတယ်။

ဒါဟာ ဆယ်စုနှစ်များစွာအတွင်း တရုတ်စစ်တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ မျှော်လင့်မထားတဲ့ အကြီးမားဆုံး အပြောင်းအလဲ အရွေ့တခုလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆယ်စုနှစ်များအတွင်း နျူကလီးယားဆိုင်ရာ မဟာဗျူဟာကို နက်နက်ရှိုင်းရှိုင်းအပြောင်းအလဲလုပ်နေကြောင်း Asia Society Policy Institute ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အမျိုးသားလုံခြုံရေးအဖွဲ့မှ လိုင်လီမောရစ်က သုံးသပ်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#VoiceOfMyanmar #VOM #တရုတ် #နျူကလီးယားတပ်ဖွဲ့ #အစားထိုးခန့်အပ်

Related posts

Leave a Comment

VOM News

FREE
VIEW