မြစ်ရေလျှံလို့ မြဝတီနဲ့ ကော့ကရိတ် မှာ လူ ၂၀၀၀ ကျော် ဘေးလွတ်လာ တိမ်းရှောင်နေရ

သြဂုတ်၊ ၅-၂၀၂၃ MM(VOM) ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ သောင်ရင်းမြစ်အနီးမှာရှိတဲ့ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ သောင်ရင်းမြစ်ရေတွေ အလုံးအရင်းဝင်ရောက်လာပြီး လူနေအိမ်တွေ ရေနစ်မြုပ်ကုန်တာကြောင့် လူ ၂၀၀၀ ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှု‌ကြောင့် ‌တောင်ကျရေတွေ ထိုးဆင်းလာပြီး သောင်းရင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ ထက်ကျော်လွန်ကာ သြဂုတ် ၂ ရက်‌စတင်လို့ မြဝတီမြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။ မြဝတီမြို့မှာတော့ ရပ်ကွက် ၁ ၊ ၂ ၊ ၃ ၊ ၅ တွေမှာ ရေကြီးမှု ဆိုးဆိုးဝါးဝါး ဖြစ်‌ပေါ်‌နေ‌ကာ ရေဘေးသင့် ဒေသခံတွေဟာ အိုးအိမ်တွေ စွန့်ခွာပြီး သက်ဆိုင်ရာက ယာယီဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုမှာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့…

Read More

တရားရုံးက စီရင်ချက်ချပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်း ဖမ်းဆီးထိန်းသိမ်းခံရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၅-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ တရားရုံးက ထောင်သုံးနှစ်ချမှတ်လိုက်ပါတယ်။ နိုင်ငံတော်လက်ဆောင်တွေကို ရောင်းချခြင်းမှရရှိခဲ့တဲ့ငွေတွေကို မကြေညာခြင်းအတွက် အပြစ်ရှိကြောင်း အစ္စလာမ္မာဘတ်တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းကတော့ စွဲချက်တွေကို ငြင်းဆိုထားပြီး အယူခံဝင်မယ်လို့ ဆိုပါတယ်။ တရားရုံးက စီရင်ချချက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို လာဟိုးရှိသူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မစ္စတာခန်းဟာ ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပေမယ့် ယမန်နှစ်က အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ဖြုတ်ချခံခဲ့ရပါတယ်။ တရားရုံးက အမိန့်ချပြီးချိန်မှာတော့ တရားလိုရှေ့နေတွေအပါဝင် လူအုပ်ကြီးဟာ အိုင်မရာခန်းကို သူခိုးဆိုပြီး အော်ဟစ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်မှာ ဖြုတ်ချခံရပြီးနောက်ပိုင်း စွဲချက်တင်ထားတဲ့ အမှုပေါင်း ၁၀၀ ကျော်နဲ့ ရင်ဆိုင်နေရပါတယ်။ သူဟာ လအတန်ကြာ ဖမ်းဆီးချုပ်နှောင်မှုကနေ လွတ်မြောက်စေဖို့ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေရှိခဲ့ပါတယ်။…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ အစီအစဉ် ၅-၈-၂၀၂၃ မျိူးဆက်(VOM) – သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ ဘာတွေစီစဉ်နေသလဲ – ပျောက်ဆုံးနေတဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်နဲ့ နာဆာအဖွ့ဲ အဆက်အသွယ်ပြန်ရပြီ – မိုးပျံတက္ကဆီတွေ ထုတ်လုပ်ပြေးဆွဲဖို့ Embraer ကုမ္ပဏီ ဘာတွေပြင်ဆင်နေသလဲ (၁) သောကြာဂြိုဟ်ကို လူ(၁၀၀၀) ပို့ဆောင်ဖို့ OceanGate ကုမ္ပဏီ စီစဉ်နေ စွန့်ဦးရှာဖွေလေ့လာရေး ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ OceanGate ကုမ္ပဏီဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း သောကြာဂြိုဟ်ပေါ်ကို လူအယောက် ၁၀၀၀ ထိပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ကုမ္ပဏီ ပူးတွဲတည်ထောင်သူ Guillermo Söhnlein က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ လာမယ့် ၂၀၅၀ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်ကို လူတသန်းလောက်ပို့ပေးဖို့ ကြိုးစားနေတဲ့ အစီအစဉ်ထက် အရေအတွက်နည်းပါးပြီး ဒီကိစ္စအကောင်အထည်ပေါ်ဖို့က အတားအဆီးမဟုတ်ဘဲ အောင်မြင်မယ်လို့ယုံကြည်ကြောင်း…

Read More

စစ်ကိုင်းတိုင်းမှာ ပြန်ပေးဆွဲ ဖမ်းဆီးမှုနဲ့ လုယက်ဓားပြတိုက်တာတွေကြောင့် ဒေသခံအများစု နေရပ်စွန့်ခွာတာတွေ ရှိလာ

သြဂုတ် ၊ ၅ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းထဲက မြို့ကြီးတွေနဲ့ ကျေးရွာတွေမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာနဲ့ ဓားပြတိုက် လုယက်ခံရတဲ့ဖြစ်စဥ်တွေ များလာတာကြောင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်အများစုဟာ နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားကြတာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့ပေါ်မှာ နေ့တိုင်းလိုလို လူပြန်ပေးဆွဲတာတွေ ဆက်တိုက်ဖြစ်ပွားတယ် ၊ အိုးဘိုတောင်ရပ်ကွက်က ကြည်စတား ကုန်စုံဆိုင် ပိုင်ရှင် ၊ ပြည်တော်သာရပ်ကွက်က အိမ်ခြံမြေအကျိုးဆောင် စီးပွားရေးလုပ်ငန်းရှင် ၃ ဦး ၊ နန္ဒဝန်ရပ်ကွက်က အိမ်ဝန်းခြံမြေ ပွဲစား ၂ ဦး ၊ အခုလ (သြဂုတ် ၂ ရက်) မနက် ၁၁ နာရီ ဝန်းကျင်ကလည်း မြို့သစ်ရပ်ကွက်ထဲက စိန်ရတီ ကုန်စုံဆိုင်ပိုင်ရှင် စတဲ့သူတွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ် ၊…

Read More

လပွတ္တာမှာ နိုင်ငံသားအထောက်ထားမဲ့ ၇၀ ကျော်ဖမ်းမိ

ဩဂုတ် ၅ – ၂၀၂၃ GG (VOM) ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာ နဲ့ ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲက စက်လှေပေါ်မှာ နိုင်ငံသားအထောက်ထားမဲ့ ၇၂ ယောက် ကို မနေ့ ဩဂုတ် ၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေထဲမှာ အမျိုးသား ၆၇ ယောက်၊ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး လက်ရှိမှာ အားလုံးကို လပွတ္တာမြို့နယ်မှာ ထိန်းသိမ်းထား​တယ်လို့ သိရပါတယ် ။ ” မနေ့က မနက်ပိုင်းက ရေတပ်၊ရဲ ဖမ်းမိတာ၊စက်လှေက ပျက်ပြီးမျှောနေတာ မသင်္ကါလို့စစ်တာမှာ ဖမ်းမိတာလို့သိရတယ်။ လပွတ္တာက ပိုးလောင်းရွာ အဲ့ဒီကိုမနေ့ထဲက သူတို့ခေါ်လာတယ်။လက်ရှိ လပွတ္တာမှာပဲ ထိန်းသိမ်းထားတယ်လို့သိရတယ်”လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။ စက်လှေပေါ်မှာ ဖမ်းမိတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၅ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၅ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၆၀ ကျပ် ဝယ်ဈေး – ၃၃၁၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၉၅ ကျပ် ဝယ်ဈေး – ၂၄၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၆၅၀ ကျပ် ဝယ်ဈေး – ၃၅၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈ ကျပ် ဝယ်ဈေး – ၉၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၃၀ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး –…

Read More

ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို အာဏာပိုင်တွေက နောက်ထပ်ထောင်ဒဏ် (၁၉) နှစ်ချမှတ်

မော်စကို၊ သြဂုတ်-၅-၂၀၂၃ မျိုးဆက်(VOM) ထောင်ကျခံနေရတဲ့ ရုရှားအတိုက်အခံခေါင်ဆောင် နာဗယ်နီကို ရုရှားအာဏာပိုင်တွေက နောက်ထပ်ထောင်ဒဏ် ၁၉ နှစ်ချမှတ်လိုက်ကြောင်း ရုရှားအစိုးရပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ နာဗယ်နီဟယ အစွန်းရောက်အဖွဲ့ဖွဲ့စည်းမှု၊ အစွန်းရောက်လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့မှုအပါအဝင် စွဲချက်ခြောက်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ရုရှားမှာ အဆိပ်ခတ်ခံရပြီးနောက် ဆေးကုသမှုခံယူခဲ့တဲ့ ဂျာမနီကနေပြန်လာခဲ့တဲ့၂၀၂၁ ခုနှစ် မှာဖမ်းဆီးခံခဲ့ရပါတယ်။ သူ့အပေါ် နောက်ထပ်ထောင်ဒဏ်ချလိုက်တဲ့ စီရင်ချက်ဟာ ရုရှားပြည်သူတွေကို ခြိမ်းခြောက်ဖို့ရည်ရွယ်ကြောင်း အတိုက်အခံတွေက ဝေဖန်ပြောဆိုထားပါတယ်။ သူဟာ လွတ်ငြိမ်းချမ်းသာခွင့် ချိုးဖောက်မှု၊ လိမ်လည်မှု၊ တရားရုံးကို မထီမဲ့မြင်ပြုမှုတို့နဲ့ ထောင်ဒဏ်ကိုးနှစ်ကျခံနေရပြီးဖြစ်ပါတယ်။ ရုရှားအစိုးရကို ပြတ်ပြန်သားသားဝေဖန်ပြောဆိုလေ့ရှိတဲ့ အတိုက်အခံခေါင်ဆောင် နာဗယ်နီဟာ လုံခြုံရေးအထူးတင်းကြပ်ပြီး အန္တရာယ်ရှိတဲ့ရာဇဝတ်ကောင်တွေ၊ ပြစ်မှုအကြိမ်ကြိမ်ကျူးလွန်သူတွေ တသက်တကျွန်းကျသူတွေကိုထားရှိတဲ့ အကျဉ်းထောင်မှာ နေထိုင်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာပြင်ပကမ္ဘာနဲ့ဆက်သွယ်မှုအပေါ် နောက်ထပ်ကန့်သတ်ချက်တွေနဲ့အတူ မိသားစု၊ ရှေ့နေအဖွဲ့နဲ့တွေ့ဆုံမှုအပါအဝင် ယခင်ကထက် ဧည့်သည်အနည်းငယ်သာလက်ခံတွေ့ဆုံနိုင်ဖွယ်ရှိပြီး အထီးကျန်အကျဉ်းချခံရမှုနဲ့ ကာလရှည်ကြာ ကြုံတွေ့ရနိုင်ပါတယ်။ Ref:…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၅ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၅ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၂၇၀၀၀ ကျပ် ဝယ်ဈေး ၃၅၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar#VOM#dailyGoldprices#ယနေ့ရွှေဈေး

Read More

This Day in History: August-5

This Day in History: August-5 Voice of Myanmar အမေရိကန်၊ ဆိုဗီယက်ယူနီယံနှင့် ဗြိတိန်တို့သည် နျူကလီးယားစမ်းသပ်မှု တားမြစ်ရေးသဘောတူစာချုပ်ကို ၁၉၆၃ ခုနှစ် သြဂုတ် ၅ ရက်တွင် မော်စကို၌ လက်မှတ်ရေးထိုးခဲ့ကြပြီး လေထု၊ ရေအောက်နှင့်အာကသတို့တွင် နျူကလီးယားစမ်းသပ်မှုများကို ရပ်ဆိုင်းခဲ့သည်။ #voiceofmyanmar#VOM#Thisdayinhistory#သမိုင်းထဲကဒီနေ့

Read More

တရားမဝင် နဲ့ လုံခြုံရေးစိန်ခေါ်မှုကြားက ထိုင်းရောက် မြန်မာလုပ်သား

  ဩဂုတ် ၅ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးလာလို့ ပြည်ပကို အလုပ်သွားရောက် လုပ်ကိုင်ဖို့ ကြိုးစားလာတဲ့ လူငယ်တွေ အရင်ကထက် ပိုများလာပါတယ်။ ပြည်ပကို အလုပ်သွားလုပ်ဖို့ ရွေးချယ်ကြတဲ့အထဲမှာ မြန်မာနဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကို အများဆုံး သွားနေကြပြီး တရားမဝင် အောက်လမ်းနဲ့ သွားတာရှိသလို တရားဝင်အေဂျင်စီတွေကတဆင့် MOU စနစ်နဲ့ သွားရောက်ကြသူတွေလည်း ရှိနေတယ်လို့သိရ ပါတယ်။ MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းကနေ ထိုင်းကိုသွားတာဟာ အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ လုံခြုံရေး စိတ်ချရမှု ၊ အလုပ်အကိုင် ရရှိမှု ၊ မှန်ကန်တဲ့ အခြေခံလုပ်ခလစာ စတဲ့ ရသင့်ရထိုက်တဲ့အလုပ်သမား အခွင့်အရေးကို ရရှိနိုင်မှာဖြစ်ပေမယ့် မှောင်ခိုလမ်းကနေသွားရင်တော့ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှူမရှိဘူးလို့ သိရပါတယ် ။ ” တရားဝင် နှစ်နိုင်ငံ သဘောတူညီမှု…

Read More
VOM News

FREE
VIEW