တရားရုံးက စီရင်ချက်ချပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်း ဖမ်းဆီးထိန်းသိမ်းခံရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၅-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ တရားရုံးက ထောင်သုံးနှစ်ချမှတ်လိုက်ပါတယ်။

နိုင်ငံတော်လက်ဆောင်တွေကို ရောင်းချခြင်းမှရရှိခဲ့တဲ့ငွေတွေကို မကြေညာခြင်းအတွက် အပြစ်ရှိကြောင်း အစ္စလာမ္မာဘတ်တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းကတော့ စွဲချက်တွေကို ငြင်းဆိုထားပြီး အယူခံဝင်မယ်လို့ ဆိုပါတယ်။

တရားရုံးက စီရင်ချချက်ပြီးနောက် ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို လာဟိုးရှိသူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မစ္စတာခန်းဟာ ၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပေမယ့် ယမန်နှစ်က အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ဖြုတ်ချခံခဲ့ရပါတယ်။

တရားရုံးက အမိန့်ချပြီးချိန်မှာတော့ တရားလိုရှေ့နေတွေအပါဝင် လူအုပ်ကြီးဟာ အိုင်မရာခန်းကို သူခိုးဆိုပြီး အော်ဟစ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်မှာ ဖြုတ်ချခံရပြီးနောက်ပိုင်း စွဲချက်တင်ထားတဲ့ အမှုပေါင်း ၁၀၀ ကျော်နဲ့ ရင်ဆိုင်နေရပါတယ်။

သူဟာ လအတန်ကြာ ဖမ်းဆီးချုပ်နှောင်မှုကနေ လွတ်မြောက်စေဖို့ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေရှိခဲ့ပါတယ်။ မေလမှာတော့ အိုင်မရာခန်းဟာ တရားရုံးလာစဉ် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar#VOM#ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း#ဖမ်းဆီးထိန်းသိမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW