ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီကို အာဏာပိုင်တွေက နောက်ထပ်ထောင်ဒဏ် (၁၉) နှစ်ချမှတ်

မော်စကို၊ သြဂုတ်-၅-၂၀၂၃
မျိုးဆက်(VOM)

ထောင်ကျခံနေရတဲ့ ရုရှားအတိုက်အခံခေါင်ဆောင် နာဗယ်နီကို ရုရှားအာဏာပိုင်တွေက နောက်ထပ်ထောင်ဒဏ် ၁၉ နှစ်ချမှတ်လိုက်ကြောင်း ရုရှားအစိုးရပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

နာဗယ်နီဟယ အစွန်းရောက်အဖွဲ့ဖွဲ့စည်းမှု၊ အစွန်းရောက်လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့မှုအပါအဝင် စွဲချက်ခြောက်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ ရုရှားမှာ အဆိပ်ခတ်ခံရပြီးနောက် ဆေးကုသမှုခံယူခဲ့တဲ့ ဂျာမနီကနေပြန်လာခဲ့တဲ့၂၀၂၁ ခုနှစ် မှာဖမ်းဆီးခံခဲ့ရပါတယ်။

သူ့အပေါ် နောက်ထပ်ထောင်ဒဏ်ချလိုက်တဲ့ စီရင်ချက်ဟာ ရုရှားပြည်သူတွေကို ခြိမ်းခြောက်ဖို့ရည်ရွယ်ကြောင်း အတိုက်အခံတွေက ဝေဖန်ပြောဆိုထားပါတယ်။ သူဟာ လွတ်ငြိမ်းချမ်းသာခွင့် ချိုးဖောက်မှု၊ လိမ်လည်မှု၊ တရားရုံးကို မထီမဲ့မြင်ပြုမှုတို့နဲ့ ထောင်ဒဏ်ကိုးနှစ်ကျခံနေရပြီးဖြစ်ပါတယ်။

ရုရှားအစိုးရကို ပြတ်ပြန်သားသားဝေဖန်ပြောဆိုလေ့ရှိတဲ့ အတိုက်အခံခေါင်ဆောင် နာဗယ်နီဟာ လုံခြုံရေးအထူးတင်းကြပ်ပြီး အန္တရာယ်ရှိတဲ့ရာဇဝတ်ကောင်တွေ၊ ပြစ်မှုအကြိမ်ကြိမ်ကျူးလွန်သူတွေ တသက်တကျွန်းကျသူတွေကိုထားရှိတဲ့ အကျဉ်းထောင်မှာ နေထိုင်ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် သူဟာပြင်ပကမ္ဘာနဲ့ဆက်သွယ်မှုအပေါ် နောက်ထပ်ကန့်သတ်ချက်တွေနဲ့အတူ မိသားစု၊ ရှေ့နေအဖွဲ့နဲ့တွေ့ဆုံမှုအပါအဝင် ယခင်ကထက် ဧည့်သည်အနည်းငယ်သာလက်ခံတွေ့ဆုံနိုင်ဖွယ်ရှိပြီး အထီးကျန်အကျဉ်းချခံရမှုနဲ့ ကာလရှည်ကြာ ကြုံတွေ့ရနိုင်ပါတယ်။

Ref: NHK
Photo:Sky News
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW