လပွတ္တာမှာ နိုင်ငံသားအထောက်ထားမဲ့ ၇၀ ကျော်ဖမ်းမိ

ဩဂုတ် ၅ – ၂၀၂၃
GG (VOM)

ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ကိုင်းသောင်ကျေးရွာ နဲ့ ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲက စက်လှေပေါ်မှာ နိုင်ငံသားအထောက်ထားမဲ့ ၇၂ ယောက် ကို မနေ့ ဩဂုတ် ၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်ထားမဲ့သူတွေထဲမှာ အမျိုးသား ၆၇ ယောက်၊ အမျိုးသမီး ၅ ယောက် ပါဝင်ပြီး လက်ရှိမှာ အားလုံးကို လပွတ္တာမြို့နယ်မှာ ထိန်းသိမ်းထား​တယ်လို့ သိရပါတယ် ။

” မနေ့က မနက်ပိုင်းက ရေတပ်၊ရဲ ဖမ်းမိတာ၊စက်လှေက ပျက်ပြီးမျှောနေတာ မသင်္ကါလို့စစ်တာမှာ ဖမ်းမိတာလို့သိရတယ်။ လပွတ္တာက ပိုးလောင်းရွာ အဲ့ဒီကိုမနေ့ထဲက သူတို့ခေါ်လာတယ်။လက်ရှိ လပွတ္တာမှာပဲ ထိန်းသိမ်းထားတယ်လို့သိရတယ်”လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

စက်လှေပေါ်မှာ ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့်သူတွေလို့ ကနဦးသိရပြီး မလေးရှားကိုသွားစဥ် စက်လှေပျက်တာကြောင့် မြန်မာဘက်က တာဝန်ရှိသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတာဖြစ်တယ်လို့ ကနဦးသတင်းအရသိရပါတယ်။

လက်ရှိမှာ လပွတ္တာမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းမိနိုင်ငံသားအထောက်ထားမဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေလုပ်နေကြောင်း ၊ပြည်သူ့အင်အားနှင့် လူဝန်မှုကြီးကြပ်ရေး လဝက ဥပဒေနဲ့ အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ်၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်းကလည်း နိုင်ငံသားအထောက်ထားမဲ့သူ ၄၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ၃၀၀ ကျော်လောက်ကို လဝက ဥပဒေအရ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း ဧရာဝတီတိုင်းမှာ နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၇၀၀ ကျော်လောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #လပွတ္တာ #နိုင်ငံသားအထောက်အထားမဲ့ #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW