တပတ်အတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

ဩဂုတ် ၈၊ ၂၀၂၃
Shy V(VOM)

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ကုန်သွယ်ရာ လမ်းကြောင်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက် ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ဖြစ်တယ်လို့ ကုန်သွယ်ရေးဇုန်က အချက်အလက်တွေအရ သိရပါတယ်။

မူဆယ်နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ တပတ်အတွင်း တရုတ်ဘက်ကို အဓိက တင်ပို့တဲ့ ကုန်စည်တွေကတော့ ငါးရှဉ့်၊ ပဲတီစိမ်း၊ ကဏန်း၊ ကြက်သွန်နီ၊ ကြေးနီ၊ ရော်ဘာ၊ သီဟိုဠ်စေ့၊ ရေခဲပုစွန်၊ နနွင်းတက်၊ ငါးမှုန့် တို့ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကထား သွင်းကုန်တွေကတော့ ယာဉ်နဲ့ယာဉ်ယန္တရားများ၊ စက်သုံးဆီ(ဒီဇယ်၊ဓာတ်ဆီ) Galvanized Iron Sheet In Coil၊ Brand New Split Type Air Conditioner၊ Grape(Fresh Grape)၊ PVC Film Size(9000 M & Under)၊ Water Pump၊ Solar Inverter၊ Sorbitol၊ Apple (Fresh Apple)တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတပတ်မှာလည်း အများဆုံးပို့ကုန်မှာ ငါးရှဉ့် ဖြစ်ပြီး အများဆုံး သွင်းကုန်မှာ ယာဉ်နဲ့ ယာဉ် ယန္တရားတွေ ဖြစ်ပါတယ်။

ဒီတပတ်အတွင်း တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကနေ တစ်ရက်ကို ပျမ်းမျှ ပို့ကုန်ကား ၈၀ ကျော်ခန့်ရှိပြီး သွင်းကုန်ကား ၉၀ ကျော်ခန့်ရှိတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နယ်မြေမှာ တပ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပို့ကုန်၊ သွင်းကုန်ကားတွေ ပုံမှန်ထက် ထက်ဝက်ခန့် လျော့ကျခဲ့ပါတယ်။

အရင်တပတ် ဇူလိုင်လ ၂၄ ရက်နေ့ ကနေ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရက်သတ္တပတ် အတွင်း ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၇သန်းကျော် ဖြစ်ပြီး အရင်ရက်သတ္တပတ် နဲ့ အခု ရက်သတ္တပတ် ကုန်သွယ်မှုကို နှိုင်းယှဉ်ရင် အခုတပတ်မှာ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၅ သန်းခန့် လျော့ကျသွားတာကိုလည်း တွေ့ရပါတယ်။

ဒီတပတ် တရုတ်‌ယွမ် နဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကတော့ တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၄၆၅ ကျပ် ရှိတယ်လို့ သိရပါတယ်။

Photo Crd – CJ
#voiceofmyanmar #VOM #မူဆယ် #၁၀၅မိုင်ကုန်သွယ်ရေးဇုန် #တပတ်တာအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW