ဘုတလင်မြို့က သန္ဓေမီးသတ် ၁၀ ဦးနဲ့ မိသားစုဝင် ၁၀ ဦး ဖမ်းဆီးခေါ်ဆောင်းခြင်း ခံရ

သြဂုတ် ၊ ၈ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ ၊ ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို မနေ့ သြဂုတ် ၇ ရက် ညနေပိုင်းက အမည်မသိအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရုံးထဲက မီးသတ်ကား ၂ စီးထွက်သွားတာကို မြင်ရတယ် ၊ ကားပေါ်မှာလည်း လူတွေပါသွားတာကိုတွေ့ရတယ် ၊ ဒီမနက်ကြားရတာကတော့ မီးသတ်တွေနဲ့ သူတို့မိသားစုတွေ အဖမ်းခံရတယ်”လို့ ဘုတလင်မြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ဘုတလင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို အမည်မသိအဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ် ၊ ဖမ်းဆီးခံရသူတွေကတော့ ဦးကျော်စိုးပိုင်၊ မီးသတ်ဦးစီးမှုး၊ ဦးစိုးမြတ်မင်း လ/ထ မီးသတ်ဦးစီးမှူး၊ ဦးစိုးသူဝင်း(တပ်ကြပ်ကြီး)၊ဦးရန်မျိုးနိုင်(တပ်ကြပ်ကြီး)၊ ဦးမြင့်နိုင်ထွန်း (တပ်ကြပ်ကြီး)၊ ဦးခင်စောဦး(တပ်ကြပ်ကြီး)၊ ဦးကျော်စန်းဝင်း(တပ်ကြပ်ကြီး)၊ ဦးဟိန်းထက်စိုး (တပ်ကြပ်ကြီး)၊ ဦးအောင်သူဌေး(တပ်ကြပ်ကြီး)၊ ဦးဇော်ဝင်းမြင့်(တပ်ကြပ်)၊ ဦးဝင်းမင်းထွေး(ဒုတပ်ကြပ်)ဖြစ်ပြီး သူတို့ မိသားစုတွေဖြစ်တဲ့ ဦးဆယ်ဟိန်း(ပညာရေး လ/ထ Non CDM)၊ ဦးချစ်ဆွေ(အရပ်သား)၊ ဒေါ်မြင့်မြင့်အေး(ဦးကျော်စိုးပိုင် မီးသတ်ဦးစီး၏ ဇနီး)၊ မအေးစန္ဒာထွန်း(ရန်မျိုးနိုင်၏ ဇနီး)၊ ကိုဝင်းမင်းထွေး၏ ဇနီး(အမည်စိစစ်ဆဲ)၊ မမြင့်မြင့်လင်း(ဦးဇော်ဝင်းမြင့်၏ ဇနီး)၊ ဦးတင်ထွန်းလင်း( ၂၀ နှစ်၊ Non CDM၊ စည်ပင်ဝန်ထမ်း)၊ မောင်နေရှင်းသန့် (၁၀ နှစ်၊(ဘ)ဦးကျော်စွာထွန်း၊ မစုရီမွန်( ၇ နှစ် ၊(ဘ) ဦးဇော်ဝင်းမြင့်၊ မောင်ထက်ဝေယံ(၂ နှစ်၊(ဘ) ဦးဇော်ဝင်းမြင့် တို့ဖြစ်တယ်”လို့ ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး မိသာစုဝင်တချို့နဲ့ ဖုန်းအဆက်အသွယ် ရရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်တုန်းကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေသူတွေဟာ လာပို့ကျေးရွာက လူနာကို သွားခေါ်ဆောင်တဲ့အခါ လမ်းမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးလည်း ရေဦးမြို့နယ်ထဲကို လူနာပို့သွားရာက ပျောက်ဆုံးသွားတာ ထြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဘုတလင်

Related posts

Leave a Comment

VOM News

FREE
VIEW