အာဏာသိမ်းနိုင်ဂျာမှာ စစ်ရေးအရ အမြန်ဆုံးကြားဝင်ဖို့ အီကိုဝပ်စ်အဖွဲ့ တပ်တွေပြင်ပြီ

နီယာမေ၊ သြဂုတ်-၁၁-၂၀၂၃
မျိုးဆက်(VOM)

နိုင်ဂျာမှဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အနောက်အာဖရိက နိုင်ငံတွေက စစ်ရေးအရကြားဝင်မှုကို တတ်နိုင်သမျှအမြန်ဆုံးလုပ်ဆောင်ဖို့ အတည်ပြုလိုက်ကြောင်း အိုင်ဗရီကို့စ်သမ္မတက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အနောက်အာဖရိက ဒေသတွင်း အီကိုဝပ်စ်အဖွဲ့ရဲ့ အစည်းအဝေးမှာ နိုင်ဂျာမှာ စစ်ရေးအရကြားဝင်ဖို့ အသင့်အနေအထား ပြင်ဆင်ထားဖို့ သဘောတူခဲ့ကြောင်း အိုင်ဗရီကို့စ်သမ္မတက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရေးအင်အားသုံးခြင်းဟာ နောက်ဆုံးလုပ်ဆောင်နိုင်တဲ့ အရင်းအမြစ်ဖြစ်တယ်လို့ နိုင်ဂျီးရီးယားသမ္မတ တီနူဘူက ပြောပါတယ်။ နိုင်ဂျာစစ်တပ်ဟာ သမ္မတကို ဖမ်းဆီးပြီး ဇူလိုင် ၂၆ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။

နှစ်ပတ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ နိုင်ဂျာသမ္မတ မိုဟာမက် ဘာဇိုရမ်ရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။

နိုင်ဂျာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြန်လည်အုပ်ချုပ်မှုရရှိနိုင်စေဖို့ အနောက်အာဖရိက ဒေသတွင်းအဖွဲ့ အီကိုဝပ်စ်ရဲ့ စစ်ရေးအင်အားကို အသင့်ပြင်ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အိုင်ဗရီကို့စ်ကတော့ စစ်သည်အင်အား ၈၅၀ ကနေ ၁၁၀၀၀ ထိထောက်ပံ့မယ်လို့ ဆိုပါတယ်။

ဒါပေမယ့်အဖွဲ့ရဲ့ စစ်ရေးအင်အား ဘယ်လောက်ဆိုတာနဲ့ ဘယ်လို ကြားဝင်ဆောင်ရွက်အရေးယူမယ်ဆိုတာမျိုးကိုတော့ အီကိုဝပ်စ်အဖွဲ့ အသေးစိတ် ထုတ်ပြန်ခြင်းမရှိပါဘူး။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #နိုင်ဂျာ #အီကိုဝပ်စ်အဖွဲ့ တပ်ပြင်

Related posts

Leave a Comment

VOM News

FREE
VIEW