ပုသိမ်မှာ အဆောက်အဦပြိုကျမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

သြဂုတ်၊ ၁၂-၂၀၁၃
MM (VOM)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာမှာ ဒီနေ့ သြဂုတ် ၁၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျမှုဖြစ်ပွားပြီး လူ(၁) ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

”အဆောက်အဦပြိုကျမှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးက တစ်ခါတည်းသေဆုံးသွားတယ်၊ အမျိုးသားတစ်ဦးက စိုးရိမ်ရတဲ့အခြေအနေထိခိုက်ဒဏ်ရာရရှိခဲ့တာ၊ အခုညနေပိုင်းအထိ သတိမရသေးဘူး၊ ကျန်တဲ့အမျိုးသား ၃ ဦးက ထိခိုက်ဒဏ်ရာတွေရရှိတယ်၊သူတို့ကတော့ မစိုးရိမ်ရဘူး၊ သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေက အဆောက်အဦ ဆောက်လုပ်တဲါလုပ်သားတွေပဲ”လို့ တာဝန်ရှိသူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်ကို ပုသိမ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့နဲ့ တပ်ကသွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo -MFSD
#voiceofmyanmar #VOM #ပုသိမ် #အဆောက်အဦပြိုကျမှု

Related posts

Leave a Comment

VOM News

FREE
VIEW