တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်စမ်းသပ်ဖို့ မြောက်ကိုရီးယားပြင်ဆင်နေကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးပြော

ဆိုးလ်၊ သြဂုတ်-၁၇-၂၀၂၃
မျိုးဆက်(VOM)

ယခုသီတင်းပတ်မှာကျင်းပမယ့် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကို ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်ဖို့ ပြင်ဆင်နေဖွယ်ရှိကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအမျိုးသာထောက်လှမ်းရေးဌာနဟာ ဒီနေ့ပြုလုပ်တဲ့ လွှတ်တော်ကော်မတီရဲ့ တံခါးပိတ်အစည်းအဝေးမှာ ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်ကို တင်ပြခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ မနက်ဖြန်မှာပြုလုပ်မယ့် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ သို့မဟုတ် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်ခြင်းအပါအဝင် ရန်စသည့်စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ကပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားဟာ စက်တင်ဘာ ၉ ရက်မှာကျရောက်မယ့် နိုင်ငံထူထောင်ခြင်း ၇၅ နှစ်မြောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုဟ်တုကို သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာအစောပိုင်းမှာ လွှတ်တင်နိုင်ကြောင်း ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီဂြိုဟ်တုလွှတ်တင်မှုကို မေလမှာပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်းမှာ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေကိုစံချိန်တင်လုပ်ဆောင်ခဲ့ပြီး မကြာသေးမီကလည်း ဟွာဆောင်-၁၈ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

Ref:NHK
#voiceofmyanmar #VOM #တိုက်ချင်းပစ်ဒုံးကျည် #မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW