ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းက ယူကရိန်းမှာ အမေရိကန်ပိုင် ဇီဝဓာတ်ခွဲခန်းတွေ ရှိကြောင်း ဝန်ခံ

ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းက ယူကရိန်းမှာ အမေရိကန်ပိုင် ဇီဝဓာတ်ခွဲခန်းတွေ ရှိကြောင်း ဝန်ခံ

အမေရိကန်ပြည်ထောင်စုဟာ ဇီဝလက်နက်ပါဝင်တဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်းမှာ ဇီဝ ဓာတ်ခွဲခန်းတွေ တည်ဆောက်ထားတယ်လို့ ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရောဘတ်ကင်ဒနီ ဂျူနီယာက ပြောခဲ့ပါတယ်။

“ဇီဝလက်နက်တွေ ချဲ့ထွင်နေတာကြောင့် ယူကရိန်းမှာ ဇီဝဓာတ်ခွဲခန်းတွေ ထားထားတာပါ၊ ဒီလက်နက်တွေမှာ CRISPR နဲ့ အရင်မျိုးဆက်တွေ မလုပ်နိုင်ခဲ့တဲ့ မျိုးရိုးဗီဇပြုပြင် ဖန်တီးမှု နည်းလမ်းတွေလို နောက်ဆုံးပေါ်လို လူလုပ်ဇီဝနည်းပညာတွေလည်း ပါဝင်နေတယ်” လို့ သူကဆိုပါတယ်။

၂၀၀၁ ခုနှစ်မှာ အမေရိကန်ဟာ ဇီဝလက်နက်တွေမှာ အများအပြားရင်းနှီးမြှုပ်နှံမှု ပြန်စခဲ့ပေမဲ့ “ဂျနီဗာ သဘောတူညီချက်ကို ချိုးဖောက်တာဟာ ရာဇဝတ်မှုမြောက်တယ်” ဆိုတဲ့အချက်ကြောင့် စိုးရိမ်စိတ်တွေ ရှိခဲ့တယ်၊ အဲဒါကြောင့် ဇီဝဗေဒဆိုင်ရာ ဘေးကင်းလုံခြုံရေး စီမံမှုဆိုပြီး အမေရိကန် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှု ဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

ကင်ဒီနီက ဇီဝလက်နက်ကို အသုံးပြုတဲ့အခါ ဓာတ်ငွေ့ပျံ့လွှင့်မှုက ရာနှုန်းပြည့်ဖြစ်နိုင်တာကြောင့် ဇီဝလက်နက် တီထွင်မှုမှာ ကာကွယ်ဆေးလည်း လိုအပ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ လုံးဝမျှော်လင့်မထားတဲ့ဖွင့်ချချက်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ ဇီဝဓာတ်ခွဲခန်း ၃၀ ရှိပြီး အမေရိကန်က မယုံနိုင်လောက်တဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ကို မတည်ပေးခဲ့တယ်လို့ စွပ်စွဲဖော်ထုတ်ခဲ့ပါတယ်။ ဒီဓာတ်ခွဲခန်းတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အလားတူ အဆောက်အအုံ ၃၀၀ ရဲ့ အစွန်းထွက်မျှသာ ရှိတယ်လို့ ရုရှားက ဆိုပါတယ်။ အမေရိကန်ကတော့ ဒီစွပ်စွဲချက်တွေ ကို ငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။

https://sputnikglobe.com/20230815/robert-kennedy-jr-admits-existence-of-us-bio-labs-in-ukraine-1112605514.html

#voiceofmyanmar #VOM #ယူကရိန်း #အမေရိကန်

Related posts

Leave a Comment

VOM News

FREE
VIEW