ပါကစ္စတန် ပန်ဂျပ်ပြည်နယ်မှာ ဘာသာရေးတင်းမာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၁၇-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံရှိ မြို့တမြို့မှာ ကုရ်အာန်ကျမ်းကို အမျိုးသားနှစ်ဦးက စော်ကားခဲ့တယ်ဆိုပြီး ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေက ခရစ်ယာဉ်ဘာသာဝင်တွေရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို မီးရှို့ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာပန်ဂျပ်ပြည်နယ်ရှိ ဂျာရန်ဝါလာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းလေးကျောင်းနဲ့ အခြားဆက်နွယ်တဲ့ အဆောက်အဦ တဒါဇင်ကျော် ပျက်စီးသွားကြောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ခရစ်ယာန်အမျိုးသားနှစ်ဦးဟာ မွတ်ဆလင်တို့အထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းစာအုပ်မှာ အနီရောင်မှငနဲ့ ရှုတ်ချစော်ကားတွေ မှတ်ချက်တွေရေးသားထားတဲ့ စာမျက်နှာများတွေ့ရှိခဲ့ပြီး သူတို့နှစ်ဦးကို အမှုဖွင့်ထားကြောင်း သိရပါတယ်။

မွတ်ဆလင်အသိုင်းအဝိုင်းဟာ ပါကစ္စတန်လူဦးရေရဲ့ ၉၆ ရာခိုင်နှုန်းကျော်ရှိပါတယ်။ လက်ရှိဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြန့်ကြက်ထားကာ လူဒါဇင်များစွာကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဘာသာရေးပုတ်ခတ်စော်ကားမှုဟာ ပါကစ္စတန်မှာ သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ဒီကိစ္စအတွက် ဘယ်သူ့ကိုမှ ကွပ်မျက်ခြင်းမပြုခဲ့သေးပေမယ့် ရာဇဝတ်မှုလို့စွပ်စွဲပြီး လူအုပ်က လာရောက်သတ်ဖြတ်မှုတွေကြောင့် ဒါဇင်များစွာ သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar#VOM #ပါကစ္စတန်ပန်ဂျပ်ပြည်နယ် #ဘာသာရေးတင်းမာမှု

Related posts

Leave a Comment

VOM News

FREE
VIEW