ရုရှားရဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ် လမျက်နှာပြင်ပေါ် ပျက်ကျ

မော်စကို၊ သြဂုတ်-၂၁-၂၀၂၃
မျိုးဆက်(VOM)

ရုရှားရဲ့ လကမ္ဘာမစ်ရှင်ဖြစ်တဲ့ လူနာ-၂၅ မောင်းသူမဲ့ စူးစမ်းလေ့လာရေးဂြိုဟ်ဆင်းယာဉ်ဟာ ကမ္ဘောမြေနဲ့ ထိန်းချုပ်မှု လွတ်ကင်းသွားပြီးနောက် လကမ္ဘာပေါ် ပျက်ကျသွားခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။

အဲဒီစူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းသို့ ပထမဆုံးဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မဆင်းသက်မီပတ်လမ်းအတွင်းဝင်ရောက်ချိန်မှာ အဆက်အသွယ်ပြတ်တောက်ပြီးနောက် ပျက်ကျခဲ့တာဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ရုရှားအာကာသအေဂျင်စီရဲ့ ပထမဆုံးသော လကမ္ဘာစူးစမ်းလေ့လာရေးမစ်ရှင်ဖြစ်ပြီး ရေခဲနဲ့ အဖိုးတန်ဒြပ်စင်များရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားတဲ့ လကမ္ဘာရဲ့ တောင်ဝန်ရိုးစွန်းမှာ စူးစမ်းလေ့လာဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။

ရုရှားအာကာသအေဂျင်စီဟာ လူနာ-၂၅ စူးစမ်းလေ့လာရေးယာဉ်နဲ့ သြဂုတ် ၁၉ ရက် နံနက် ၂ နာရီ ၅၇ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ကီလိုဂရမ် ၈၀၀ အလေးချိန်ရှိတဲ့ စူးစမ်းလေ့လာရေးယာဉ်ဟာ လမျက်နှာပြင်နဲ့တိုက်မိခဲ့ခြင်းကြောင့် ပျက်စီးသွားပြီဖြစ်ပြီး မစ်ရှင်မအောင်မြင်ရတဲ့ အကြောင်းရင်းကို အထူးကော်မရှင်တရပ်ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ရုရှားလကမ္ဘာစူးစမ်းလေ့လာရေးယာဉ် #လမျက်နှာပြင်ပေါ် #ပျက်ကျ

Related posts

Leave a Comment

VOM News

FREE
VIEW