တောင်ကိုရီးယားမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းရန်ကာကွယ်ရေး လေ့ကျင့်မယ်

ဆိုးလ်၊ သြဂုတ်-၂၃-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားရဲ့ ကြီးထွားလာတဲ့ နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ တောင်ကိုရီးယားဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ လေကြောင်းရန် ကာကွယ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီလိုလေ့ကျင့်မှုဟာ တနင်္လာနေ့မှာစတင်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။

အဲဒီအရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ တိုက်ခိုက်မှု သို့မဟုတ် အခြားအခြေအနေတွေအတွက် တုံ့ပြန်မှုကို မြှင့်တင်ဖို့ဖြစ်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။

လေ့ကျင့်မှုမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ထုတ်ပြန်လိုက်တာနဲ့ အများပြည်သူတွေဟာ ၁၅ မိနစ်ခန့် လမ်းတွေပေါ်ကနေ ဘေးလွတ်ရာကို ရှောင်ရှားကြရမှာဖြစ်ပြီး လမ်းပေါ်က မော်တော်ယာဉ်တွေအနေနဲ့လည်း လမ်းဘေးကို ထိုးရပ်ရမှာဖြစ်ပါတယ်။

စူပါမားကက်၊ ရုပ်ရှင်ရုံနဲ့ အခြားသော အများပြည်သူဆိုင်ရာ သတ်မှတ်နေရာ ၅၀၀ နီးပါးမှာ ရောက်ရှိနေသူတွေကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးတဲ့ လေ့ကျင့်မှုတွေပါဝင်ပြီး ဆေးဘက်ဆိုင်ရာနဲ့ အများသူငှာ သယ်ယူပို့ဆောင်ရေးတွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေမယ်လို့ သိရပါတယ်။

လေ့ကျင့်မှုဟာ တကယ့်လေကြောင်းတိုက်ခိုက်မှုဖြစ်လာခဲ့မယ်ဆိုရင် ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ဖြစ်ပြီး အနီးအနားရှိ အမိုးအကာတွေအောက်ကို ချက်ချင်းရှာဖွေသွားရောက်ကြဖို့ လေ့ကျင့်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:Reuters
Photo: Reuters
#voiceofmyanmar #VOM #SouthKorea #Toholdnationwidedefence drills #amidNorth threats

Related posts

Leave a Comment

VOM News

FREE
VIEW