ပြည်တော်ပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်(၈)နှစ် ချက်ချင်းချမှတ်ခံရ

ဘန်ကောက်၊ သြဂုတ်-၂၂-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၁၅ နှစ်ကြာ ပြည်ပမှာ တိမ်းရှောင်နေရာကနေ ဒီနေ့မှာ ထိုင်းနိုင်ငံကို ပြန်ရောက်ပြီးနောက် မကြာခင်ပဲ တရားရုံးက ထောင်(၈)နှစ်ချမှတ်ပါတယ်။

သူဟာ ဒီနေ့ပါလီမန်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖိုနဲ့အစိုးရသစ်ဖွဲ့စည်းဖို့ မဲပေးမှုမတိုင်ခင်မှာ ထိုင်းကိုရောက်လာတာဖြစ်ပြီး များကြခင်မှာ ရဲတွေခြံရံပြီး တရားရုံးကို ပိုခဲ့တာဖြစ်ပါတယ်။

သူဟာ အခုလိုထောင်ဒဏ်ချမှတ်ခံလိုက်ရပေမယ့် ထောင်ထဲမှာ ကာလရှည်ကြာပြစ်ဒဏ်ခံရခြင်းက ကင်းလွတ်စေမယ့် သဘောတူညီချက်တရပ်ကို အာဏာပိုင်တွေနဲ့ရရှိထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ထိုင်းနိုင်ငံရဲ့ အအောင်မြင်ဆုံးခေါင်းဆောင်လို့ သတ်မှတ်ရဖွယ်ရှိတဲ့ အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ စစ်အာဏာသိမ်းမှုကို ကျောထောက်နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ် တော်ဝင်ဝါဒီတွေက ကာလရှည်ကြာ အမျက်ထားခံရသူဖြစ်ပါတယ်။

ဒါပေမယ့် နို်င်ငံရေးရည်မှန်းချက်ကြီးတဲ့ သက်ဆင်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် နှစ်အတန်ကြာမှ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့သမီးဖြစ်သူဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးအနိုင်ရရှိခဲ့တဲ့ ဖြူထိုင်းပါတီကို ဦးဆောင်နေသူဖြစ်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #FormerThailandPM #jailedafterreturn #fromexile

Related posts

Leave a Comment

VOM News

FREE
VIEW