မဟာမြိုင်ကားလမ်းပိတ်ထားတာကြောင့် ကလေးမြို့မှာ စက်သုံးဆီ ပြတ်လပ်နေ

သြဂုတ်၂၄ – ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ထဲက မဟာမြိုင်ကားလမ်း ပိတ်ထားတာကြောင့် ကလေးမြို့ပေါ်မှာ စက်သုံးဆီတွေ ပြတ်လပ်နေတာ ဒီကနေနဲ့ဆိုရင် ၅ ရက်ကျော်သွားပြီလို့ ကလေးမြို့ခံ မော်တော်ယာဥ်သုံးစွဲသူတွေဆီက သိရပါတယ်။

” ကလေးမြို့ပေါ်မှာ ဆိုင်ကြီးတွေရော ဆိုင်လေးတွေပါ ဆီတွေပြတ်နေတာပါ ၊ ဆီဆိုင်တွေ အားလုံးနီးပါး ပိတ်ထားကြတယ် ၊ 92 ဆီ တစ်လီတာကို ၅၀၀၀ ၊ တစ်ဂါလံကို ၂ သောင်း အထိရှိတယ် ၊ စျေးနူန်းသာရှိပြီး ပစ္စည်းက ဝယ်လို့မရဘူး ၊ အဲ့ဒါကြောင့် မြို့ပေါ်မှာ ယာဥ်အသုံးပြုတာတွေ နည်းသွားတယ် “လို့ ကလေးမြို့ဒေသခံ(၁)ဦးက ပြောပါတယ်။

ကလေးမြို့ခံ ဆီလုပ်ငန်းရှင်(၁)ယောက်ကလည်း “မဟာမြိုင်ကားလမ်းဘက်က ပိတ်ထားတာကြောင့် အခုလ(သြဂုတ်) ၅ ရက်က စပြီး ဆီကားအဝင်မရှိတာ ကြာပြီ ၊ ဆီကားမဝင်တာ မနက်ဖြန်ဆို တစ်လပြည့်တော့မယ် ၊ ဆိုင်မှာရှိတဲ့ လက်ကျန်ဆီတွေကို မျှတ ရောင်းချပေးနေရတာပါ ၊ ဆီပြတ်သွားတဲ့ ဆိုင်တွေက နားထားရတယ် ၊ လမ်းတွေ ပွင့်သွားရင်တော့ အလုံအလောက် ဆီပြန်ရမှာပါ”လို့ ပြောပါတယ် ။

ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဒီနှစ်မှာ ဆီတွဲရေယာဥ်တွေ ဝင်ရောက်တာမရှိသလို မဟာမြိုင်ကားလမ်းကနေ ဝင်ရောက်တာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ဝန်းကျင်က ကလေး ၊ ကလေးဝ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ချင်းတွင်းမြစ်ကြောင်းနဲ့ မဟာမြိုင် ကားလမ်းပိုင်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာ အခုထိဖြစ်နေတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ကလေး-ဂန့်ဂေါလမ်း ၊ တန့်ဆည် -ကလေးလမ်း နဲ့ မုံရွာ-ကလေးဝ လမ်းပိုင်းတွေ ပိတ်ခံထားရတာကြောင့် ကလေးမြို့နယ်မှာ စက်သုံးဆီအပြင် အခြေခံလူသုံးကုန်တွေလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။

Photo-ကလေးမြို့ ဒေသခံ(၁)ဦး
#voiceofmyanmar #VOM #ကလေး #မဟာမြိုင်ကားလမ်းပိတ် #ဆီပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW