အစ္စရေးနဲ့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘောတွေ့ဆုံမှုကြောင့် လစ်ဗျားမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေ

ထရီပိုလီ၊ သြဂုတ်-၂၈-၂၀၂၃
မျိုးဆက်(VOM)

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘောတွေ့ဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးကို လစ်ဗျားဝန်ကြီးချုပ်က ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။

ပါလက်စတိုင်းကို အခိုင်အမာထောက်ခံတဲ့ လစ်ဗျားဟာ အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်မပြုဘဲ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့အပေါ် အာရပ်အများစုနေထိုင်တဲ့ လစ်ဗျားမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်ကတော့ လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး နက်ဂျ်လာအယ်လ်မန်ဂို့ရှ်နဲ့တွေ့ဆုံမှုဟာ သမိုင်းဝင်ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အစ္စရေးဟာ သူ့ကိုတရားဝင်အသိအမှတ်မပြုသေးတဲ့ အာရပ်နဲ့မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံတွေနဲ့ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လုပ်ဆောင်နေပါတယ်။

ဒါပေမယ့်လည်း အစ္စရေးနဲ့ပုံမှန်ဆက်ဆံရေး ထားရှိခြင်းဟာ တရားမဝင်ကြောင်း လစ်ဗျားအစိုးရကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးကို ပါလီမန်ဥက္ကဌရုံးက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွပ်စွဲထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

လစ်ဗျားခေါင်းဆောင် ကဒါဖီလက်ထက်မှာ လစ်ဗျားမှာရှိတဲ့ ဂျူးလူမျိုးထောင်ပေါင်းများစွာ နှင်ထုတ်ခံခဲ့ရပြီး ဘုရားကျောင်းအများအပြားလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #protestserupt #inLibya #overcontact withIsrael

Related posts

Leave a Comment

VOM News

FREE
VIEW