သတ်သေလိုသူတွေကို ဓါတုအဆိပ်တွေရောင်းခဲ့တဲ့ ကနေဒါအမျိုးသားကို စွဲချက် (၁၂) ခုနဲ့ တရားစွဲ

တိုရွန်တို၊ သြဂုတ်-၃၀-၂၀၂၃
မျိုးဆက်(VOM)

ကိုယ့်ကိုကိုယ် သတ်သေလိုသူတွေကို အဆိပ်ဖြစ်စေတဲ့ ဓါတုဗေဒပစ္စည်းတွေ ရောင်းခဲ့တဲ့ အမျိုးသားတဦးကို ကနေဒါရဲတပ်ဖွဲ့က နောက်ထပ်စွဲချက် ၁၂ ခုနဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံ တိုရွန်တိုမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ကန်နက်သ်လောဆိုသူဟာ ကနေဒါမှာ သတ်သေလိုသူတွေကို အကြံဉာဏ်ပေးခြင်း သို့မဟုတ် သတ်သေဖို့ကူညီပေးမှု စွဲချက်နှစ်ခုနဲ့ ယခုနှစ်မေလမှာ တရားစွဲဆိုခံခဲ့ရပါတယ်။

မစ္စတာလောဟာ နိုင်ငံပေါင်း ၄၀ ကျော်ကို သေစေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်တဲ့ ပါဆယ်ထုတ်ပေါင်း ၁၂၀၀ ကျော်ထိ ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

နောက်ပိုင်းမှာတော့ မစ္စတာလောဆီက ပါဆယ်ထုတ်တွေဝယ်ယူခဲ့တဲ့ ဗြိတိန်ရှိ လူ ၈၈ ဦးသေဆုံးခဲ့ကြောင်း ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ကပြောပါတယ်။ သူ့ကြောင့် သေဆုံးသူတွေထဲမှာ အသက် ၁၆ နှစ်ကနေ ၃၆ နှစ်အတွင်း အရွယ်တွေဖြစ်ကြပါတယ်။

သူဟာ လူ့အသက်ကိုအဆုံးသတ်ဖို့ စက်ပစ္စည်းတွေနဲ့ အဆိပ်သင့် ဓါတုဗေဒပစ္စည်းတွေ ရောင်းချတဲ့ ဝက်ဘ်ဆိုက်များစွာဖွင့်လှစ်ထားကြောင်း ကနေဒါထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #CanadianPoisonSeller’ #KennethLaw #FacesMoreCharges

Related posts

Leave a Comment

VOM News

FREE
VIEW