ဟာဝိုင်အီမှာ အကြီးအကျယ်လောင်နေတဲ့ တောမီးကြောင့် သေဆုံးသူ (၈၀) ကျော်ထိရှိလာ၊ လူ (၁၀၀၀) ကျော်ပျောက်ဆုံးနေ

ဝါရှင်တန်၊ သြဂုတ်-၁၂-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့တောမီးကြောင့် သေဆုံးသူ ၈၀ ကျော်ထိ ရှိလာပြီး ၁၀၀၀ ကျော်ပျောက်ဆုံးနေပါတယ်။ ဒါဟာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တခုဖြစ်ပြီး ၂၀၁၈ ခုနှစ် ကယ်လီဖိုးနီးယားတောမီးပြီးရင် အဆိုးဆုံးဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တောမီးဟာ ကာနာပါလီမြို့နဲ့ နီးကပ်လာတာနဲ့အမျှ မာအီကျွန်းမှာ နောက်ထပ် ဘေးလွတ်ရာရွှေ့ပြောင်းပေးမှုတွေ လုပ်ဆောင်နေရပါတယ်။ မာအီအနောက်ဘက်ရှိ လဟိုင်းနားမြို့ကို ဝင်ရောက်ခွင့်ကန့်သတ်ထားပေမယ့် ဒေသခံတွေကို ခေတ္တလာရောက်ခွင့်ပြုပြီးနောက် အခုလိုက် ရွှေ့ပြောင်းဖို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ လဟိုင်းနားနဲ့ကာနာပါလီတည်ရှိတဲ့ မာအီအနောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပြတ်တောက်နေပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မာအီကျွန်းရှိ တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ်ကြောင်း အာဏာပိုင်တွေက သတိပေးထားပြီး လဟိုင်းနားမြို့တမြို့မှာပင် အဆောက်အအုံ ၁၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၂ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၁၂ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၅၄၀ ကျပ် ဝယ်ဈေး – ၃၄၆၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၃၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၅၀ ကျပ် ဝယ်ဈေး – ၃၇၂၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၇၈ ကျပ် ဝယ်ဈေး – ၉၇.၇၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၇၄ ကျပ် ဝယ်ဈေး – ၇၄၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၁ ကျပ် ဝယ်ဈေး –…

Read More

နိုင်ဂျာမှာ စစ်ရေးအရကြားဝင်မှု ရုရှားသတိပေး၊ အီကိုဝပ်စ်အဖွဲ့ စစ်ဘက်အရာရှိတွေ စစ်ရေးအစီအစဉ်ရေးဆွဲဖို့ စီစဉ်နေ

မော်စကို၊ သြဂုတ်-၁၂-၂၀၂၃ မျိုးဆက်(VOM) အနောက်အာဖရိကဒေသတွင်း အီကိုဝပ်စ်အဖွဲ့က နိုင်ဂျာမှာ စစ်ရေးအရ ကြားဝင်စွက်ဖက်ဖို့ စီစဉ်နေတာဟာ အချိန်ကာလကြာမြင့်တဲ့ထိ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားနိုင်ကြောင်း ရုရှားက သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီလိုစစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်ဆိုရင ဆာဟဲလ်ဒေသတခုလုံး မတည်မငြိမ်ဖြစ်ပေါ်လိမ့်မယ်လို့ ရှရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ဂျာအာဏာသိမ်းမှုကို ရုရှားက တရားဝင်ထောက်ခံမှုပြု ထုတ်ပြန်တာမရှိပါဘူး။ အီကိုဝပ်စ်နိုင်ငံတွေက စစ်ဘက်အရာရှိတွေဟာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပြီး နိုင်ဂျာမှာ စစ်ရေးအရ စွက်ဖက်မှုဆိုင်ရာ အစီအစဉ်တွေကို ရေးဆွဲဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် ဖြုတ်ချခံရတဲ့ သမ္မတမိုဟာမက်ဘာဇိုရမ်ကို ရာထူးအာဏာပြန်လည်အပ်နှင်းရေး ထောက်ခံတဲ့ အမေရိကန်ကတော့ ရုရှားရဲ့ ဝဂ္ဂနာကြေးစားအဖွဲ့ဟာ နိုင်ဂျာမှ မတည်ငြိမ်မှုကို အခွင့်ကောင်းယူနေတယ်လို့ ပြောဆိုထားပါတယ်။ ပြင်သစ်နဲ့ အမေရိကန်တို့ဟာ နိုင်ဂျာမှာ စစ်အခြေစိုက်စခန်းတွေရှိနေပြီး ကျယ်ပြန့်တဲ့ဆာဟဲလ်ဒေသမှာ ဂျီဟတ်အုပ်စုတွေကို စစ်ဆင်ရေးပြုလုပ်ရာမှာ အသုံးပြုနေတာဖြစ်ပါတယ်။ အာဏာသိမ်းမှုအကျပ်အတည်းအတွက် သံတမန်ရေးအရ ဖြေရှင်းနည်းရှာဖို့ လမ်းစရှိနေဆဲဖြစ်ကြောင်း အီကိုဝပ်စ်အဖွဲ့က ပြောကြားထားပေမယ့် နောက်ဆုံးနည်းလမ်းကတော့ စစ်ရေးအရ ကြားဝင်တာဖြစ်ကြောင်း…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၁၂ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၁၂ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၃၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #Voiceofmyanmar # VOM #Dailygoldprice #ယနေ့ ရွှေဈေး #သြဂုတ်-၁၂ ရက်

Read More

တမူး နယ်စပ်ကုန်သွယ်ရေး နာလန်မထူနိုင်သေး

သြဂုတ် ၁၂ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခမ်းပတ်(မြို့နယ်ခွဲ)မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တမူး – ကလေး – မုံရွာ ကားတွေ အသွားအလာ မရှိသေးတာကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ အခုထိ ပြန်လည် နာလန်မထူနိုင်သေးဘူးလို့ နယ်စပ်ကုန်သည်ကြီးအဖွဲ့ ဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ မေလကစလို့ အိန္ဒိယနယ်စပ်ဘက်က လူမျိုးရေး ပဋိပက္ခတွေဖြစ်တယ် ၊ အဲ့ဒီ လူမျိုးရေးလှိုင်းက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရပ်တန့်စေခဲ့တယ် ၊ နောက်ပြီး လုပ်ငန်းတွေ ပြန်စဖို့ နှစ်ဘက်သဘောတူတဲ့အခါ တမူးနယ်ဘက်က လစဥ်လိုလို တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နာလန်မထူ ဖြစ်ရတာ”လို့ မိုးရေးမြို့ခံကုန်သည် ဦးဂျမားက VOM ကို…

Read More

This Day in History : August-12

This Day in History : August-12 Voice of Myanmar အရှေ့ဂျာမနီသည် စစ်အေးတိုက်ပွဲ၏ သင်္ကေတတစ်ခုအဖြစ် အရှေ့ဘာလင်နှင့် အနောက်ဘာလင်ကို ၁၉၈၉ ခုနှစ်ထိ ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးကို ၁၉၆၁ ခုနှစ် သြဂုတ် ၁၂ ရက်တွင် စတင်တည်ဆောက်ခဲ့သည်။ #voiceofmyanmar # VOM # thisdayin #history # သမိုင်းထဲကဒီနေ့

Read More

ကဗျာဆရာ၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့် ကွယ်လွန်

ဩဂုတ် ၁၂ – ၂၀၂၃ SN +KT (VOM) ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားနဲ့ ဇာတ်ညွှန်းအကယ်ဒမီဆု ရရှိခဲ့သူ ကဗျာဆရာ၊ စာရေးဆရာ၊ ဇာတ်ညွှန်းဆရာ ဦးမြင့်ဦး (ခေါ်) အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ ဒီနေ့ ဩဂုတ် ၁၂ ရက် မနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။ အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဒီနေ့မနက် ၁၂ နာရီခွဲအချိန်က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူရဲ့ ဆန္ဒအတိုင်း ရေဝေးသုဿန်မှာ နေ့ချင်းပြီး မီးသင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “စောစောစီးစီးကြားရတဲ့သတင်း စိတ်မကောင်းဘူး ဦးရယ်၊ မိသားစုနဲ့ထပ်တူခံစားရပါတယ်။ ကောင်းရာဘုံဘဝရောက်ပါစေလို့ပဲ ဆုတောင်းပေးပါရစေ ဦးရေ”လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က သူမရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ အကယ်ဒမီမြင့်ဦးဦးမြင့်ဟာ ဇာတ်ညွှန်းများစွာ၊ ကဗျာများစွာနဲ့ စာပေများစွာကို ရေးသားခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး…

Read More

ခိုးဆိုးလုယက်မှုတွေကြားက ရန်မကုန်သေးတဲ့ ရန်ကုန်

SN (VOM) သြဂုတ်-၁၂-၂၀၂၃ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေဟာ အချိန်နေရာမရွေး၊ အသက်ကြီးငယ်မရွေး ကျူးလွန်ခံနေရပြီး နေ့စဥ်နဲ့အမျှ အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။ ဟိုအရင် ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာတော့ ပစ္စည်းကိုပဲ လုယူတာအများစုဖြစ်ပြီး လူ့အသက်ကို ရန်ရှာတာ၊ အသက်သေတဲ့အထိ ပြုလုပ်တာ အလွန် နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်၊ အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစရာ ကြားသိနေရပါတယ်။ လုယက်မှု၊ လူသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာရှိသလို အိမ်ထဲ၊ ဆိုင်ထဲအထိဝင်ပြီး လုယက်တာ၊ လူစည်ကားရာ နေရာတွေကိုတောင် မရှောင်၊ နေ့ဘက်အချိန်တွေမှာတောင် အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုကတော့ဩဂုတ် ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း၊…

Read More

၃ ရွယ်၊၃ မျိုး

ဆူးငှက် ပြန်တွက်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ်လေးဆယ် နီးပါးကပါ။ ကျွန်တော့်အသက် ၂၀ကျော် ကာလတွေပေါ့။၂၀ကျော်ကာလဆိုတာ ယုံကြည်ချက်တစ်ခု ခိုင်မာနေချိန်။ ကိုယ်ယုံကြည်တာကို မဆုတ်မနစ် တုံးတိုက်တိုက် ကျားကိုက်ကိုက် အမှောင်မကြောက်စတမ်း ရှေ့ချီတက်မယ်ဆိုတဲ့အချိန်။ ယုံကြည်ချက်လို့များ အထင်မကြီးလိုက်နဲ့။ ကျွန်တော်ပြောတဲ့ ယုံကြည်ချက်ဆိုတာတွေ၊ မဆုတ်မနစ်ဆိုတာတွေ၊ တုံးတိုက်တိုက်ဆိုတာတွေ ချီတက်မယ်ဆိုတာတွေကြောင့် နိုင်ငံရေး ယုံကြည်ချက်ဆိုတာ အဲဒီအရွယ်မှာ ကိုင်းခက်လက်ဝေဖြာနေတဲ့“အချစ်စိတ်” ကိုပြောတာပါ။ အချစ်ဆိုတာ ရယူခြင်းတွေရော ပေးဆပ်ခြင်းတွေေ.၊ အလင်းဆိုင်မှာ ရေနွေးကြမ်းအိုပေါင်းများစွာနဲ့ငြင်းခုန်ပြီး သက်ပြင်းတချချ လုပ်နေကြတဲ့ ကာလပေါ့။ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုထဲက စာသားတွေ၊ ငြိမ်းကျော်ဝတ္ထုထဲက စာသားတွေ တတွတ်တွတ်ရွတ်ပြီး ကိုးကားလို့ပေါ့။ “တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာ…။ဒါမှမဟုတ် တစ်ယောက်ကို စွဲစွဲမြဲမြဲ အသည်းပေါက်မတတ် ချစ်ပြီဆိုရင် သူ့အလို လိုက်ရမှာပေါ့။ သူနဲ့ကိုယ်နဲ့ တစ်သဘောတည်း တစ်သားတည်းဖြစ်ကြရမှာပေါ့။ စွယ်တော်လို နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတာမျိုးလေ။ ဘာပဲပြောပြော။ ချစ်ပြီဆိုမှတော့ ကြားလေ…

Read More

သံဖြူဇရပ်မှာ နိုင်ငံသားအထောက်အထားမဲ့ ၁၄၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထား

သြဂုတ် ၁၁-၂၀၂၃ SP ( VOM) မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် ၊ ဝခဲမီကျေးရွာနားမှာ ဒီကနေ့ သြဂုတ် ၁၁ ရက် မနက် ၆ နာရီဝန်းကျင်က ရေလမ်းကနေတဆင့် ကားနဲ့ လိုက်ပါတဲ့ နိုင်ငံသားအထောက်အထားမဲ့ ၁၄၃ ယောက်ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သံဖြူဇရပ်မြို့ခံတွေဆီ သိရပါတယ်။ ” အထောက်ထားမဲ့သူ ၁၄၃ ယောက်ဟာ သံဖြူဇရပ်မြို့ပေါ်က ဖရဲသီးကုမ္မဏီလုပ်ငန်းပိုင် မြေသယ်ယာဥ် အမျိုးအစား ကား၄ စီးပေါ်က တွေ့တာပါ ၊ သူတို့ကို စစ်ဆေးမေးမြန်တဲ့အခါ အိမ်နီးချင် ဘဂ်လားဒေရှ်နိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ ရေလမ်းကြောင်းအတိုင်း ထွက်လာကြပြီး သံဖြူဇရပ်မြို့နယ် ၊ သပြေချောင်းဝ ဆိပ်ကမ်းကိုကပ်တာဖြစ်တယ် ၊အဲ့ဒီကနေတဆင့် မြေသယ်ကားတွေနဲ့ လိုက်ပါလာတယ်”လို့ သံဖြူဇရပ်မြို့နယ် လဝက အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေး…

Read More
✕
VOM News

FREE
VIEW