သြဂုတ် ၊ ၁၄ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ မနကျေးရွာနားက ကျောက်စိမ်းလုပ်ကွက်တခုမှာ မနေ့ သြဂုတ် ၁၃ ရက် ညနေပိုင်းက မြေပြိုကျပြီး ရေလှိုင်းလုံးတွေ တက်လာတဲ့အတွက် ရေစီးနဲ့အတူ ကျောက်စိမ်းတူးဖော်ရှာဖွေနေသူ အလုပ်သမား ၂၀ ကျော် ၊ ၃၀ နီးပါးပျောက်ဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက ညနေ ၃ နာရီဝန်းကျင်ဖြစ်တာ ၊ မနမှော်ဘက်က ကျောက်စိမ်းတောင် မြေပြိုကျတာပါ ၊ မြေပြိုကျတဲ့ အချိန် ၊ မြေပြိုတဲ့ တောင်ကမိးပါးမှာ ရေမဆေးကျောက်ရှာနေတဲ့ လူတွေရှိနေတယ် ၊ ပြိုကျတဲ့ မြေက အင်းထဲရောက်တဲ့အခါ အင်းထဲက ရေတွေက လှိုင်းလုံးဖြစ်သွားပြီး အပေါ်ကို လျှံတက်လာတယ်…
Read MoreMonth: August 2023
ငါန်းဇွန်မြို့နယ် သားကျင်ရွာမှာ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
သြဂုတ် ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်ကျေးရွာရဲ့ မြောက်ဘက်နားမှာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က အမည်မသိ လူတစုက ရွာထဲဝင်ရောက်လာပြီး ရွာခံလူ ၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အရင်ဆုံး အသတ်ခံရတာက ရွာအဝင် တောစပ်မှာ နွားကျောင်းနေတဲ့ ကိုဖုန်းတင့် ၂၀ နှစ် ၊ နောက်ပြီး အဲ့ဒီ ရွာထဲဝင်ရောက်လာကာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ယောက်ဖတော်စပ်သူ ဦးဟန်လင်း ၅၄ နှစ် ဆိုသူကို သူ့ရဲ့နေအိမ်ထဲမှာ ပစ်သတ်တယ် ၊ အဲ့ဒီနောက် ရွာအရှေ့ပိုင်း ကုန်စုံဆိုင်မှာ ဒေါ်လှလှ ၄၈ နှစ်နဲ့ မယဥ်မွန်ဇော် ၂၅…
Read Moreကန့်ဘလူမြို့မှာ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
သြဂုတ် ၁၃ -၂၀၂၃ SP( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ဘိုးဘွားရိပ်အရှေ့ဘက် ၊ ကန့်ဘလူ – ကျွန်းလှ မြို့ထွက်လမ်းနားမှာရှိတဲ့ လူနေအိမ်တခုမှာ ဒီမနက်ပိုင်းက မိသားစုလိုက် အသတ်ခံထားရတဲ့ ၅ လောင်းပြိုင်လူသတ်မှု တခုဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။ ” ညက အသတ်ခံရတာလား ၊ ဒီမနက်မှာ အသတ်ခံရတာလား သေခြာ မသိရသေးဘူး ၊ သတ်ခံရသူတွေက ဦးမြင့်ဆွေ ၊ ဦးစိုးလွင်မြင့် ၊ ဒေါ်ကြည်ဌေး ၊ မမာမာလင်း ၊ မဖြိုးသီရိလှိုင် တို့ဖြစ်တယ် “လို့ ကန့်ဘလူမြို့ခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…
Read Moreကန့်ဘလူမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦးသေဆုံး
သြဂုတ် ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ယမနေကျေးရွာထဲကို မနေ့ သြဂုတ် ၁၂ ရက်မနက် ၆ နာရီဝန်းကျင်က ကျေးရွာထဲက လူနေအိမ်တွေပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် လူ ၆ ယောက်သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” လက်နက်ကြီးကျည် ထိမှန်သေဆုံးတာ ရွာခံလူ ၆ ယောက်ဖြစ်တယ် ၊ အဲ့ဒီလို သေဆုံးတဲ့အထဲမှာ အသက် ၅ နှစ်နဲ့ ၁၀ အရွယ် ကလေး ၂ ယောက်လည်း ပါဝင်တယ် ” လို့ ယမနေရွာခံ လူတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ”…
Read Moreစပါးစိုက်ပျိုးမှု လျော့ကျခြင်းက ဆန်၊စပါးစျေးကွက်ကို လှုပ်ခတ်စေသလား
ဩဂုတ် ၁၃ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ နယ်မြေမအေးချမ်းမှုတွေကြောင့် တိုင်းနဲ့ ပြည်နယ်အချို့မှာ နွေစပါး၊မိုးစပါး သီးနှံစိုက်ရာသီချိန် နှစ်ချိန်လုံး စပါးစိုက်ဧကတွေ လျော့ကျမှုရှိတယ်လို့ တောင်သူတွေဆီက သိရပါတယ် ။ စစ်ကိုင်းတိုင်း ၊ကယားပြည်နယ်၊မကွေးတိုင်း ၊ချင်းပြည်နယ် စတဲ့မြို့နယ်အချို့မှာ တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေမတည်ငြိမ်လို့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် စပါးစိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ဖြစ်ပွားခြင်းမရှိတဲ့ နယ်မြေဒေသတွေမှာလည်း စပါးစိုက်ပျိုးဖို့ ဆည်ရေမရရှိတဲ့အတွက် စပါးစိုက်ပျိုးမှုလျော့ကျလာသလို မြေဩဇာစျေးနူန်းကြီးမြင့်ခြင်း၊ စိုက်ပျိုးရေးဆေးစျေးနူန်းကြီးမြင့်ခြင်း ၊ အလုပ်သမားငှားရမ်းခမြင့်တက်ခြင်း၊လယ်ထွန်စက်မောင်းခစျေးနူန်း နှစ်ဆတက်ခြင်း စတဲ့ကုန်ကျစရိတ် မြင့်တက်ခြင်းတွေကြောင့် လုံလောက်တဲ့ပမာဏအသုံးမပြုနိုင်တဲ့အတွက်လည်း စပါးအထွက်နူန်းတွေလျော့ကျလာတယ်လို့ သိရပါတယ် ။ ” နွေစပါး ဆည်ရေမရလို့ မစိုက်ရတဲ့ ဧကပေါင်းက တနိုင်ငံလုံးဆို မနည်းဘူးလေ၊ ဆည်တွေရှိပြီး ရေမပေးနိုင်လို့ စပါးမစိုက်ရဘူးဆိုတာ အလုပ်မှမဟုတ်တာဗျာ။နောက်တဆင့်ကမှ မြေဩဇာသုံးသင့်သလောက်…
Read MoreThis Day in History
This Day in History Voice of Myanmar စပိန်-အမေရိကန်စစ်ပွဲအတွင်း အမေရိကန်စစ်တပ်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းကို ၁၈၉၈ ခုနှစ် သြဂုတ် ၁၃ ရက်တွင် သိမ်းပိုက်ခဲ့သည်။ #voiceofmyanmar #vom #thisdayinhistory #သမိုင်းထဲကဒီနေ့ #August13
Read Moreလူမှုကူညီရေးသမားတွေရဲ့ ဘဝ ရေရှည်မှာ ရပ်တည်နိုင်ဖို့ မလွယ်
သြဂုတ် ၁၃ -၂၀၂၃ SP (VOM) တနိုင်ငံ အတိုင်းအတာအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ အခုနှစ် သြဂုတ်လ ၁၂ ရက်အထိ လူမှုကူညီရေးအသင်းဝင် ပရဟိတသမားတွေ တာဝန်ချိန်အတွင်း အသတ်ခံရတာ ၊ မိုင်းစထိမှန် ဒဏ်ရာရတာနဲ့ သေနတ်မှန်တာတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၃၀ ကျော်ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ” မနေ့ မနက်ပိုင်းက မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတာရွာက ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ဦးမြင့်ဆိုသူ ပစ်သတ်ခံရတယ် ၊ သြဂုတ် ၁၁ ရက် မနက်ပိုင်းကလည်း ပဲခူးတိုင်းက ရွှေကျင်မောင်မယ် လူမှုကူညီရေး အရေးပေါ်လူနာတင်ယာဥ်ဟာ ညောင်လေးပင် – မဒေါက် – ရွှေကျင် လမ်းအတိုင်း…
Read Moreနွားထိုးကြီးမှာ ကျေးရွာအုပ်/မှုး လင်မယား အပါအဝင် ၄ ယောက်အသတ်ခံရ၊ အခင်းဖြစ်နေရာကိုသွားတဲ့ ရဲ ၄ ဦး မိုင်းထိ
သြဂုတ် ၁၂ -၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ကြောင်နံကျေးရွာမှာ မနေ့ သြဂုတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်က လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးတဲ့ ရဲတွေ မိုင်းထိမှန်လို့ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အသတ်ခံရလို့ သေဆုံးသူတွေက ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေ ၆၃ နှစ် ၊ သူ့မိန်းမ ဒေါ်မိုး၆၇နှစ်၊ ဦးရဲမြင့် ၆၇ နှစ်၊ ဒေါ်အေးခိုင် ၅၄ နှစ်တို့ဖြစ်တယ် “လို့ ကြောင်နံရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သေဆုံးသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်သယ်ယူတဲ့အခါ နွားထိုးကြီးမြို့ရဲ့ အနောက်ဘက် ၁ မိုင်ခွဲခန့်နေရာအရောက်မှာ လမ်းဘေးမိုင်းပေါက်ကွဲမှုဖြစ်ပြီး…
Read Moreပုသိမ်မှာ အဆောက်အဦပြိုကျမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
သြဂုတ်၊ ၁၂-၂၀၁၃ MM (VOM) ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာမှာ ဒီနေ့ သြဂုတ် ၁၂ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျမှုဖြစ်ပွားပြီး လူ(၁) ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ”အဆောက်အဦပြိုကျမှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးက တစ်ခါတည်းသေဆုံးသွားတယ်၊ အမျိုးသားတစ်ဦးက စိုးရိမ်ရတဲ့အခြေအနေထိခိုက်ဒဏ်ရာရရှိခဲ့တာ၊ အခုညနေပိုင်းအထိ သတိမရသေးဘူး၊ ကျန်တဲ့အမျိုးသား ၃ ဦးက ထိခိုက်ဒဏ်ရာတွေရရှိတယ်၊သူတို့ကတော့ မစိုးရိမ်ရဘူး၊ သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေက အဆောက်အဦ ဆောက်လုပ်တဲါလုပ်သားတွေပဲ”လို့ တာဝန်ရှိသူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ အဲ့ဒီ ဖြစ်စဉ်ကို ပုသိမ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့နဲ့ တပ်ကသွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းကားနဲ့ ပုသိမ်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ Photo…
Read Moreမတ္တရာနယ်က ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ပစ်သတ်ခံရ
သြဂုတ် ၁၂-၂၀၂၃ SP ( VOM) မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ လမိုင်းကျေးရွာအုပ်စု ၊ ကျောက်တံတားကျေးရွာမှာ ရှိတဲ့ ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်သူဟာ ဒီနေ့မနက်ပိုင်းက အဲ့ဒီအသင်းရုံးရှေ့မှာရှိနေချိန် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ” ပစ်သတ်ခံရသူဟာ လူမှုကူညီရေးအသင်း ဥက္ကဌ ဖြစ်တယ် ၊ သူ့နာမည်က ဦးမြင့် အသက် ၆၆ နှစ်ဖြစ်တယ် ၊ ဒီမနက် ၇ နာရီဝန်းကျင်က သူရဲ့အသင်းရုံးရှေ့မှာ ထိုင်နေတုန်း ပစ်သတ်သွားတာဖြစ်တယ် “လို့ ကျောက်တံတားရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရုံးနဲ့ နီးစပ်သူတယောက်က ” ရွှေတံတား လူမှုကူညီရေးအသင်း ဥက္ကဌက သူ့ရုံးရှေ့မှာ ရှိနေစဥ် အမည်မသိ ( စုံစမ်းဆဲ) သေနတ်သမား ၄ ယောက်က…
Read More