နဘဲပင်ရွာမှာ ပစ်ခတ်မှုဖြစ်ပြီး လူ(၅)ဦးသေဆုံး

စက်တင်ဘာ ၊ ၃ ၊ ၂၀၂၃
SP ( VOM)

မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ နဘဲပင်ကျေးရွာမှာ ဒီမနက် အ​စောပိုင်း ၄ နာရီ ဝန်းကျင်အချိန်က ရွာထဲမှာ ပစ်ခတ်သံတွေကြားရပြီးနောက် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သလို အခြား လူ ၂ ယောက်လည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးနေသူတွေကတော့ ရွာခံ ဦးအောင်ခိုင်၊ ၄၅ နှစ်၊ ဦးဝင်းချို၊ ၄၅ နှစ် ၊ ဦးမျိုးဇော်ဦး၊ ၄၈ နှစ်၊ ဦးညွန့်ပြည့်၊ ၃၃ နှစ်၊ ဒေါ်နုနုဝင်း၊ ၅၂ နှစ် တို့ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ညက တံတားမြို့နယ် ၊ ဂုံပင်အိုင်ကျေးရွာဘက်ကနေ ဆိုင်ကယ် ၁၀ စီးနဲ့ လူ ၁၅ ယောက်ခန့်က နဘဲပင်ရွာထဲကို သေနတ်တွေ ပစ်ဖောက်ဝင်လာတယ် ၊ ရွာထဲရောက်တော့ လူနေအိမ်တွေကို ပစ်ခတ်တယ် ၊ အဲ့ဒီပစ်ခတ်မှုကြောင့် လူ ၅ ယောက်ထိမှန် သေဆုံးတယ် ၊ အဲ့ဒီအပြင် ဒဏ်ရာရတဲ့ လူ ၂ ယောက်လည်းရှိတယ် ၊ အခု ပစ်သတ်ခံရလို့ သေဆုံးသူတွေထဲက နိုင်ငံရေး အရောင်အသွေးရှိတဲ့လူတွေပါတယ် ၊ အရင်က NLD ဝင်တွေလို့ သိရတယ် ၊ ဒဏ်ရာရတဲ့ လူ ၂ ယောက်ကိုလည်း ငါးဇွန်ဆေးရုံကနေတဆင့် မန္တလေး ပို့ဆောင်ကုသနေတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုပြုလုပ်သွားသူတွေဟာ ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် ညနေပိုင်းက မန္တလေးတိုင် ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်းကုန်းကျေးရွာရဲ့ မြောက်ဘက်နားမှာ အမည်မသိ လူတစ်စုက ရွာထဲဝင်လာပြီး ရွာခံလူ ၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmtanmar #VOM #ငါန်းဇွန်

Related posts

Leave a Comment

VOM News

FREE
VIEW