ကင်ဂျုံအန် ရုရှားသွားပြီး လက်နက်အရောင်းအဝယ်ကိစ္စ ပူတင်နဲ့ ဆွေးနွေးဖို့ စီစဉ်နေ

ဝါရှင်တန်၊ စက်တင်ဘာ-၅-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုလအတွင်း ရုရှားကို သွားရောက်ဖို့စီစဉ်ထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန်တာဝန်ရှိသူတဦးကို ကိုးကားပြီး စီဘီအက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် ရုရှားကို မြောက်ကိုရီးယားက လက်နက်တွေထောက်ပံ့နိုင်ခြေကို ကင်ဂျုံအန်နဲ့ ပူတင် ဆွေးနွေးကြမယ်လို့ အမေရိကန်တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုထားပြီး ဘယ်အချိန်မှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပါဘူး။

အမေရိကန်သတင်းဌာနတွေရဲ့ အဲဒီလိုဖော်ပြမှုတွေနဲ့ပတ်သက်ပြီး ရုရှားနဲ့ မြောက်ကိုရီးယားဘက်က လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ကင်ဂျုံအန်ဟာ ရုရှားကို ကျည်ကာရထားနဲ့သွားနိုင်ခြေရှိကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံအကြား လက်နက်ဆိုင်ရာညှိနှိုင်းဆွေးနွေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေကြာင်း အိမ်ဖြူတော်က ထုတ်ဖော်ပြောဆိုပြီးနောက် ကင်ဂျုံအန်နဲ့ ပူတင်တို့ ဆွေးနွေးမယ့် သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှှိုဂူဟာ မြောက်ကိုရီးယားသို့ မကြာသေးမီက လာရောက်ခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ရုရှားကိုရောင်းချဖို့ မြောက်ကိုရီးယားကို စည်းရုံးဆွဲဆောင်ခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောဆိုထားပါတယ်။

Ref:BBC

#voiceofmyanmar #VOM #North Korea’sKim #expectsToMeet #PutinInRussia #armsnegotiationsegotiations, US says

Related posts

Leave a Comment

VOM News

FREE
VIEW