ကမ္ဘာ့သကြားဈေး မြင့်တက်လာတာကြောင့် မြန်မာ့သကြားဝယ်ယူဖို့ အာဆီယံနိုင်ငံတချို့ ကမ်းလှမ်းလာ

စက်တင်ဘာ ၁၇ – ၂၀၂၃ SN (VOM) ကမ္ဘာ့သကြားဈေး ၁ တန်ကို အမေရိကန်ဒေါ်လာ ၇၀၀ ကျော် ဈေးမြင့်တက်လာလို့ မြန်မာ့သကြားဝယ်ယူဖို့ အာဆီယံနိုင်ငံ တချို့က ကမ်းလှမ်းမှုတွေ ပြုလုပ်လာတယ်လို့ သကြားကုန်သည်တွေဆီက သိရပါတယ်။ သကြား ကမ္ဘာ့ပေါက်ဈေးဟာ အရင်က ၁ တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ အထိသာ ရှိခဲ့ရာက လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ ၇၄၀ ဒသမ ၂၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာနေတာကြောင့် မြန်မာပြည်ကထွက်တဲ့ သကြားကို အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ် စတဲ့ နိုင်ငံတွေက ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိနေလို့ သိရပါတယ်။ “လက်ရှိမှာ နိုင်ငံတကာဈေးကလည်း မြင့်နေတယ်။ ၆၅၀ နဲ့ ၇၀၀ ကျော်ကြားမှာပဲ ပြေးနေတယ်။ ဗီယက်နမ်ကလည်း ပြည်တွင်းသကြားလိုအပ်ချက် ရှိနေတဲ့အတွက်…

Read More

တောင်ကြီး အိမ်ခြံမြေစျေးကွက် အရောင်းအဝယ် ပိုဖြစ်နေ

စက်တင်ဘာ ၁၇ – ၂၀၂၃ SN (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဟာ အရင်ကထက် များပြားလာနေတာကြောင့် စျေးကွက် ပိုမို တွင်ကျယ်လာနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးတွေ ကျဆင်းလာပြီးနောက်ပိုင်း အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများလာတာကြောင့်တကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာ ချက်ချင်းလာရောက် နေထိုင်ချင်သူ များပြားလာခြင်းတို့ကြောင့်တကြောင်း အဲ့ဒီ့ဒေသရဲ့ အိမ်ခြံမြေစျေးကွက်ဟာ အရောင်းအဝယ် ပိုဖြစ်လာတယ်လို့ သိရပါတယ်။ အခုကတော့ မြို့ပေါ်ပဲ ဂရန်မြေကွက်တွေ၊ (၁၀၅) ပါတဲ့အကွက်တွေပဲ အရောင်းအဝယ်ဖြစ်ပါတယ်။ တချို့က လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေ အိမ်အကွက်ရိုက်ရောင်းနေတာတွေရှိပေမယ့် အဲ့ဒါတွေက အခု အဆင်မပြေတော့ဘူးလေ။ အကွက်ကိုမှ မြို့မြေတွေဆိုရင်တော့ အဆင်ပြေတယ်။ ဈေးကတော့ အတိအကျ ပြောလို့မရဘူး။ အိမ်ရှင်ခေါ်တဲ့ဈေးနဲ့ ဝယ်သူ စစ်တဲ့ဈေးအတိုင်း နေရာဒေသပေါ်၊ လမ်းအခြေအနေပေါ် မူတည်ပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ သွားနေတယ်…

Read More

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေကို ကာကွယ်ပေးသွားမှာဖြစ် ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

Maung Maung(VOM) စက်တင်ဘာ- ၁၇- ၂၀၂၃ ညီနောင်မဟာမိတ် (၃)ဖွဲ့က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်တွေအပေါ် အနှောင့်အယှက် ပေးတာ ၊ ဆက်ကြေး တောင်းတာ စသဖြင့်ပြစ်မှုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူဖို့ ဆုံးဖြတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ ညီနောင် ၃ ဖွဲ့ ကတော့ ရက္ခိုင့် တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ် တို့ဖြစ်ပါတယ်။ ညီနောင် အဖွဲ့ ၃ ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ လူထု တစ်ရပ် လုံး ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့် ရှောက်ရေးဆိုတဲ့ တာဝန်ဝတ္တရား ကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့အတွက် သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့…

Read More

မြင်သားရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူ ၅ ဦးသေ ၊ ၁၀ ဦးကျော် ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ မြင်သားကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ရွာထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံး ၊ ထိခိုက်သူတွေ အများအပြားရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဒေသခံတွေဆီက သိရပါတယ်။ ” မြင်သားရွာဘက်ကို ညက လက်နက်ကြီးကျည်တွေ ဆက်တိုက် ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီဖြစ်စဥ်ကြောင့် ညက လူ ၃ ယောက် ဗုံးစတွေ ထိမှန် သေဆုံးတယ် ၊ ပြင်းထန် ဒဏ်ရာရတဲ့ သူတွေက ၇ ယောက်ရှိတယ် ၊ သာမန် ဒဏ်ရာရသူရထားတဲ့ ၁၀ ယောက်ကျော်တယ် ၊ အဲ့ဒီအထဲက…

Read More

ဟိုပင်မှာ မိန်းမနဲ့ ကလေးကိုသတ်တဲ့သူက သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံး

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဟိုပင်မြို့နယ်ခွဲ ၊ မြသီတာရပ်ကွက် ၊ မြရိပ်သာလမ်းမှာ မနေ့ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်းက မိသားစုပြဿနာကြောင့် ၂ လောင်းပြိုင်လူသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ဟိုပင်မြို့ခံတွေဆီက သိရပါတယ်။ ” မနက်မိုးလင်းတော့ ကိုကျော်လွင်တို့အိမ်မှာ လူသတ်မှုဖြစ်တယ်လို့ သိရတယ် ၊ အိမ်ရှင် ကိုကျော်လွင် နဲ့ သူ့မိန်းမ မအေးအေးမေ တို့ ၂ ယောက် သေနေတာတွေ့ရတယ် ၊ သူတို့သားဖြစ်သူ မောင်ဝေယံထက်ကတော့ ဂုတ်ပိုးနေရာမှာ ဓားနဲ့ ခုတ်ခံထားရတယ် ၊ သူကတော့ မသေဘူး ၊ စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်”လို့ မြသီတာရပ်ကွက်မှာနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မိုးညှင်းမြို့နယ်…

Read More

စားအုန်းဆီကို ငွေ ၄၀၀၀ ကျော်နဲ့ လူတိုင်းဝယ်လို့ရပြီလား..

စက်တင်ဘာ ၁၇ – ၂၀၂၃ GG (VOM) စားအုန်းဆီစျေးနူန်း မြင့်တက်နေတာကို ထိန်းချုပ်ဖို့ဆိုပြီး တာဝန်ရှိသူတွေက အခြေခံရည်ညွန်းစျေး ၄၀၀၀ ကျော်နဲ့ ရောင်းချပေးဖို့ ဆီလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပါတယ်။ ဒါကြောင့်လည်း ရန်ကုန်အပါအဝင် ကျန်တဲ့မြို့နယ်တွေအသီးသီးမှာ စားဆီခွဲတန်းရတဲ့ ဆိုင်တွေက စားအုန်းဆီ တပိဿာကို ၄၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်နူန်းနဲ့ ဆီတွေရောင်းချပေးနေတာကို တွေ့ရပါတယ်။ စားအုန်းဆီ ရောင်းချတဲ့အခါ စားသုံးသူကို တန်းစီစနစ်နဲ့ ရောင်းချပေးပြီး လူတစ်ယောက်ကို အကြိမ်အရေအတွက်မရှိ တန်းစီ ဝယ်ယူနိုင်ခြင်း၊ ထမင်းဆိုင်တွေ၊စားသောက်ဆိုင်တွေ၊ အကြော်လုပ်ငန်း လုပ်ကိုင်သူတွေကို ၅ ပိဿာကနေ ၁၀ ပိဿာအထိ ရောင်းချပေးနေတာတွေရှိတယ်လို့ စျေးကွက်ထဲကနေ သိရပါတယ်။ ဒါ့ကြောင့်ပဲ စားအုန်းဆီကို တန်းစီဝယ်ယူပြီး ဆီဆိုင်ကို စျေးနူန်းတစ်မျိုးနဲ့ပြန်လည်ရောင်းချတဲ့ စျေးကွက်နဲ့ ကျေးရွာတွေကို ဆင်းပြီး အမြင့်စျေးနဲ့ ဆီ ပြန်လည်ရောင်းချတဲ့ စျေးကွက်…

Read More

ကလေးဝမြို့နယ်မှာ လက်နက်ကြီးကျရောက်လို့ လူ ၃ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၃ SP( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ ဂဇက်ကျေးရွာနားမှာ မနေ့ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ ရွာနားကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာဖြစ်တယ် ၊ ရွာနားကိုရောက်နေတဲ့ လူစုထဲကို တည့်တည့်ကျတယ် ၊ လက်နက်ကြီးစတွေ ထိမှန်ပြီး လူ ၃ ဦး နေရာမှာပဲ သေတယ် ၊ ကျန် ၂ ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ သိရတယ် ၊ သေဆုံး ဒဏ်ရာရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ အခုထိမသိရသေးဘူး ၊ စုံစမ်းနေတုန်းဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။…

Read More

ဒီပဲယင်းမြို့ပေါ်မှာ ကင်းစောင့်ပြန်လာတဲ့ ရဲ ၂ ဦး ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့ပေါ်မှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်က ကင်းစောင့်ပြီး ရဲစခန်းကို ပြန်လာတဲ့ ရဲ ၂ ဦး လမ်းမှာ ပစ်သတ်ခံရတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ပစ်ခတ်သံတွေကြားရတယ် ၊ မြို့အနောက်ကနေ စခန်းပြန်လာတဲ့ ရဲ ၂ ယောက် ပစ်သတ်ခံရတာလို့ သိရတယ် ၊ အဲ့ဒီ ပစ်သတ်ခံရတဲ့ ရဲတွေရဲ့ သေနတ် ၂ လက်လည်းပါသွားတယ် ” လို့ ဒီပဲယင်းမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရေဦးခရိုင်လုံခြုံရေးအဖွဲ့ရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ဒီပဲယင်းမြို့ပေါ်မှာ…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #september16th

Read More

ဆန်နဲ့ဆန်ကွဲ နယ်ကျော်သယ်ယူခွင့် ပြန်လည် ဖြေလျော့ပေးလိုက်ပြီလို့ သိရ

စက်တင်ဘာ ၁၆ – ၂၀၂၃ SN (VOM) အခြားသော ပြည်နယ်နဲ့ တိုင်းတွေကနေ တင်ပို့မယ့် ဆန်နဲ့ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ် လျှောက်ထားခြင်းကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က သိရပါတယ်။ MRF အနေနဲ့ မြင့်တက်နေတဲ့ ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် အခြားပြည်နယ်နဲ့ တိုင်းတွေက တင်ပို့မယ့် ဆန်နဲ့ ဆန်ကွဲအတွက် နယ်ကျော်ခွင့်လက်မှတ်လျှောက်ထားဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသိပေးထားတာဖြစ်ပြီး လက်ရှိမှာတော့ အဲ့ဒီ့သတ်မှတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွှေဘိုမြို့နယ်က တောင်သူတဦးက “အခုလို ဖြေလျော့ပေးလိုက်တာ ကောင်းပါတယ်။ အဆင့်ဆင့် ကန့်သတ်ချက်တွေနဲ့ သွားနေရင် ဘာပဲပြောပြော ကုန်စည်စီးဆင်းမှုက နှေးသွားတာလေ။ လက်ကျန် ဆန် ရှိနေရင်တော့ အကြောင်းမဟုတ်ဘူး။ လက်ကျန်ဆန် နည်းနေပြီဆိုရင် ဈေးကတက်သွားမှာလေ။ အခုလိုဖြေလျော့လိုက်ခြင်းအားဖြင့် အစစအရာရာအတွက် ကောင်းသွားတာပေါ့”လို့ ပြောပါတယ်။ အခု…

Read More
VOM News

FREE
VIEW