ဝါရှင်တန်၊ အောက်တိုဘာ-၇-၂၀၂၃
မျိုးဆက်(VOM)
တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် ကန့်သတ်ထားသောအချက်အလက်တွေကို ပေးပို့ဖို့ကြိုးစားမှုနဲ့ အမေရိကန်တပ်ကြပ်ဟောင်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် ဂျိုးဆက်ရှမစ်ဆိုသူဟာ ဟောင်ကောင်ကနေ အမေရိကန်ကိုရောက်ရှိပြီးနောက် ဆန်ဖရန်စစ္စကိုလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ မိမိတို့နိုင်ငံကို သစ္စာဖောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ဝါရှင်တန်ပြည်နယ် ဗဟိုအစိုးရရှေ့နေ တီဆာဂေါ်မန်က ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာရှမစ်ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မစ္စတာရှမစ်ဟာ ဝါရှင်တန်အနောက်ပိုင်းရှိ စစ်ဌာနချုပ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဓိကအားဖြင့် ထောက်လှမ်းရေးဆိုင်ရာများ လုပ်ဆောင်ခဲ့ရကာ အမေရိကန်အစိုးရရဲ့ ကန့်သတ်ထားတဲ့ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
“ ကျွန်တော်မှာ ထိပ်တန်းလျှို့ဝှက်ချက်တခုရှိနေပြီး ဖြစ်နိုင်ရင် ဒီအချက်အလက်တွေကို မျှဝေပေးဖို့ အစိုးရတာဝန်ရှိသူတယောက်နဲ့ဆွေးနွေးလိုကြောင်း” တူရကီမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးနဲ့ တရုတ်ထောက်လှမ်းရေးဌာနတို့ကို အီးမေးလ်ပို့ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
Ref: BBC
Photo:Getty Images