အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဒုံးကျည်အစင်း (၅၀၀၀) နဲ့ တိုက်ခိုက် ၊ စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးကြေညာ

ဂျေရုဆလင်၊ အောက်တိုဘာ-၇-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။ ဒုံးကျည်တွေ ပစ်ခတ်မှုကြောင့် အစ္စရေးတောင်ပိုင်းတခွင်နဲ့ မြို့တော် တဲလ်အဗစ်တို့မှာ လေကြောင်းရန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးစစ်တပ်က ကြေညာထားပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဆိုပါတယ်။ မိနစ် ၂၀ အတွင်း ဒုံးကျည်အစင်းပေါင်း ၅၀၀၀နဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးသွားပြီး အခြား ၁၅ ယောက်ဒဏ်ရာရရှိကာ တယောက်မှာ အခြေအနေစိုးရိမ်ရကြောင်း ကူညီရေးအဖွဲ့တွေကဆိုပါတယ်။ ဒုံးကျည်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီါ် လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်သမားအများအပြားဟာ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးပိုက်နက်နယ်မြေအတွင်းသို့ စိမ့်ဝင်မှုတွေရှိနေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက…

Read More

မင်္ဂလာဒုံဆီဆိုင်ရှေ့ ယာဉ် ၄ စီးဆင့်တိုက်၊ ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိ

အောက်တိုဘာ ၇ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမ၊ PT power ဆီဆိုင်ရှေ့မှာ ဒီကနေ့ အောက်တိုဘာ ၇ ရက်၊ မနက် ၇ နာရီ ကျော်ဝန်းကျင်က ယာဉ် (၄) စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။ လိုက်ထရပ်၊ အဝေးပြေး express ၊ ပရိုဘောက်နဲ့ အထည်ချုပ်ဖယ်ရီ ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပရိုဘောက်ယာဉ်ပေါ်ပါလာသူ ခရီးသည် အမျိုးသမီး (၄) ဦး၊ အမျိုးသား (၁) ဦး၊ ကလေးငယ်မိန်းခလေး (၂) ဦးတို့တွင် အမျိုးသမီး (၂) ဦးနဲ့ ကလေးငယ် (၁)…

Read More

အမေရိကန် တပ်ကြပ်ဟောင်းတယောက်ကို တရုတ်အတွက် သူလျှိုလုပ်ဖို့ကြိုးပမ်းမှုကြောင့် ဖမ်းဆီး

ဝါရှင်တန်၊ အောက်တိုဘာ-၇-၂၀၂၃ Post မျိုးဆက်(VOM) တရုတ်ထောက်လှမ်းရေးအဖွဲ့အတွက် ကန့်သတ်ထားသောအချက်အလက်တွေကို ပေးပို့ဖို့ကြိုးစားမှုနဲ့ အမေရိကန်တပ်ကြပ်ဟောင်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျိုးဆက်ရှမစ်ဆိုသူဟာ ဟောင်ကောင်ကနေ အမေရိကန်ကိုရောက်ရှိပြီးနောက် ဆန်ဖရန်စစ္စကိုလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ မိမိတို့နိုင်ငံကို သစ္စာဖောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ဝါရှင်တန်ပြည်နယ် ဗဟိုအစိုးရရှေ့နေ တီဆာဂေါ်မန်က ပြောပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ မစ္စတာရှမစ်ဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မစ္စတာရှမစ်ဟာ ဝါရှင်တန်အနောက်ပိုင်းရှိ စစ်ဌာနချုပ်တခုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဓိကအားဖြင့် ထောက်လှမ်းရေးဆိုင်ရာများ လုပ်ဆောင်ခဲ့ရကာ အမေရိကန်အစိုးရရဲ့ ကန့်သတ်ထားတဲ့ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်တော်မှာ ထိပ်တန်းလျှို့ဝှက်ချက်တခုရှိနေပြီး ဖြစ်နိုင်ရင် ဒီအချက်အလက်တွေကို မျှဝေပေးဖို့ အစိုးရတာဝန်ရှိသူတယောက်နဲ့ဆွေးနွေးလိုကြောင်း” တူရကီမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးနဲ့ တရုတ်ထောက်လှမ်းရေးဌာနတို့ကို အီးမေးလ်ပို့ခဲ့ကြောင်း…

Read More

This Day in History

Voice of Myanamr အမေရိကန်နှင့် ဗြိတိန် တိုက်လေယာဉ်များသည် အာဖဂန်ရှိ တာလီဘန်ပစ်မှတ်များကို ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်အကြမ်းဖက်တိုက်ခိုက်မှုကို အကြောင်းပြု၍ဖြစ်ပွားခဲ့သော အာဖဂန်စစ်ပွဲ အစပြုခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #October7th Telegram Link: https://t.me/VOMNEWS2023/2815?single

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၇ ရက်)

Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၅ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၃၅ ကျပ် ဝယ်ဈေး – ၂၃၈၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၀ ကျပ် ဝယ်ဈေး – ၄၄၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

တိုက်ပွဲရှောင်တချို့ ဝမ်းရေးခက်ခဲလာလို့ ဆံပင်ဖြတ်ရောင်းနေရသူတွေရှိလာ

အောက်တိုဘာ ၊ ၇ ၊ ၂၀၂၃ SP ( VOM) နိုင်ငံအဝှမ်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကစလို့ တိုက်ပွဲရှောင် ဦးရေ ၆ သိန်းကျော်ရှိတဲ့အနက် အဲ့ဒီထဲက တဝက်ကျော်ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းက ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ နယ်မြေရှင်းလင်းရေး စစ်ကြောင်း အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကျေးလက်ဒေသတွေမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံတွေအဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပါတယ်။ တိုက်ပွဲရှောင်ရတဲ့ ရက်တွေ ကြာမြင့်လာတဲ့အမျှ အလုပ်က မလုပ်ရ စုဆောင်းထားတာကကုန်ဖြစ်ပြီး စားဝတ်နေရေးတွေ ခက်ခဲလာတယ်လို့လည်း သိရပါတယ်။ ” တိုက်ပွဲတွေကြောင့် ရွာမှာက လယ်မလုပ်ရတာ ၂ နှစ်ကျော်ရှိပြီ ၊ ယာခင်းတောက ထွက်တဲ့ အသီးအနှံတွေလည်း မစားရတာလ ကြာပြီ ၊…

Read More

ကြည့်ချင်ပွဲ

  ဆူးငှက် မန္တလေး ဘုရားပွဲတွေမှာ ဖျော်ဖြေမှုနဲ့တွဲပြီး အစဉ်အလာ ပွဲလမ်းတွေ ပါတတ်ပါတယ်။ ဘုရားပွဲအဝင်ညမှာ ဘုရားနဲ့အနီးဆုံးနေရာမှာ စည်တော်ကြီးအဖွဲ့နေရာယူပါတယ်။ စည်တော်ကြီးဆိုတာက မန္တလေးရတနာပုံ နေပြည်တော် ခေတ်မှာ ကတည်းက ထီးသုံးနန်းသုံးအနေနဲ့ရှိခဲ့တာပါ။ ကျွန်တော်မွေးဖွားကြီးပြင်းတဲ့ ဇာတိရပ်ကွက်ရဲ့ ဆွေဘုရား၊ မျိုးဘုရား မဟာလောကရံသီ အိမ်တော်ရာဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်၊ ၁၂ ရက် ဖြစ်ပါတယ်။ ၁၁ရက်နေ့ ပွဲဝင်အဖြစ် အိမ်တော်ရာဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်မှာ စည်တော်ကြီးအဖွဲ့ အမြဲတမ်းပါတယ်။ မလှမ်းမကမ်းမှာ ဆိုင်းအဖွဲ့ပါတယ်။ စည်တော်ကြီးအဖွဲ့က ညနေစောင်း၊ ဘုရားမီးထွန်းတာနဲ့ စပြီးတီးခတ်တယ်။ ပြီးမှ အိမ်တော်ရာအရှေ့ မုခ် အာရုံခံအနီးက ဆိုင်းအဖွဲ့ကတီးမှုတ်တယ်။ ကျွန်တော်က ကလေးပေမယ့် စည်တော်ကြီးကို သဘောကျတယ်။ အိမ်တော်ရာဘုရားပွဲခင်းက စည်တော်ကြီးကို နှစ်တိုင်းလိုလို သွားကြည့်ဖြစ်တယ်။ အဖေ့အမွေလို့ ပြောရမယ်ထင်ရဲ့။ အဖေကလည်း စည်တော်ကြီးကို အစအဆုံး ဖိနပ်ခုထိုင်ပြီး…

Read More
VOM News

FREE
VIEW