ဝါရှင်တန်၊ အောက်တိုဘာ-၂၅-၂၀၂၃
မျိုးဆက်(VOM)
အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်နဲ့ဆက်နွယ်နေတဲ့ အဖွဲ့တွေက အောက်တိုဘ ၁၇ ရက်ကနေ ၂၄ ရက်အတွင်း ၁၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အီရန်မှာ အမေရိကန်အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရမှု ၁၀ ကြိမ်၊ ဆီးရီးယားမှာ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပက်ရိုင်ဒါက ပြောပါတယ်။
အမေရိကန်အခြေစိုက် အင်န်ဘီစီ သတင်းဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆီးရီးယားတောင်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းကို မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုတိုက်ခိုက်ခံရပြီးနောက် ဒါတွေကို တုံ့ပြန်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖြည့်တင်းတာအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးအနေအထားကို မြှင့်တင်ဖို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ညွှန်ကြားလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့အကြား ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေချိန်မှာ အီရန်နဲ့အခြားအဖွဲ့တွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ တိုးလာနိုင်ကြောင်း အမေရိကန်က သတိပေးထားပါတယ်။
Ref:NHK
Photo:Reuters