အမေရိကန် လူဝစ်စတန်မြို့မှာ ပစ်ခတ်မှုကြောင့် ၂၂ ယောက်သေဆုံး၊ လွတ်မြောက်နေတဲ့ သေနတ်သမားကို အပူတပြင်းရှာဖွေနေ

 

ဝါရှင်တန်၊ အောက်တိုဘာ-၂၆

မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ မိန်းပြည်နယ် အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၂ ယောက်ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်ပစ်ခတ်မှုဟာ မိန်းပြည်နယ်ရှိ လူဝစ်စတန်မြိုမှာ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ လမ်းကြားတခုအတွင်းရှိ လူတွေကို ပစ်ခတ်ပြီးနောက် အနီးအနားရှိ ဘားနဲ့ အခြားနေရာတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

လက်ရှိမှာ သေနတ်သမားလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့ဝင်ရာနဲ့ချီပြီး အပူတပြင်းရှာဖွေနေကြပါတယ်။ မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ သံသယရှိသူရဲ့ ဓါတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ နေအိမ်အတွင်းမှာ တံခါးတွေပိတ်ပြီး နေထိုင်ကြဖို့ သတိပေးထားပါတယ်။

သေနတ်သမားဟာ အသက် ၄၀ နှစ်အရွယ် ရောဘတ်ကတ်ဆိုသူဖြစ်ပြီး အန္တရာယ်ရှိသူအဖြစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ခရိုင်အတွင်းရှိ စာသင်ကျောင်းတွေကို အောက်တိုဘာ ၂၆ ရက်မှာ ပိတ်ထားမှာဖြစ်ကြောင်း လူးဝစ်စတန် အစိုးရကျောင်းများကြီးကြပ်ရေး တာဝန်ရှိသူ ဂျိတ်လန်လက်စ်က ပြောပါတယ်။

Ref:BBC

Photo:AP/ Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW