ဆူးငှက် မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရားပွဲများနှင့်ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။ ထို့ကြောင့် မန္တလေးမှ ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ် ”ဟုခေါ်သောနောက်ဆုံးပွဲများကို ကပြကြပြီး အဖွဲ့အသီးသီးဖြုတ်သိမ်းကာဇာတ်ခေါင်းခွဲကြသည်။ ထို့နောက် ပညာရှင်အသစ်များပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင်တီးလုံးတိုက်ကြ၊ဇာတ်တိုက်ကြသည်။ မကြာမီ သီတင်းကျွတ်လဆန်းသည်နှင့် ဘုရားပွဲတော်များစတင်သည်နှင့် စတင်၍ ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင်ပြင်ဆင်ကြသည်။ မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ရွှကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ၊ အင်းခရု၊ စသည်တို့ဖြစ်သည်။မန္တလေးမြို့နှင့် အတူတည်သော ဘုရားစတီတော်ကြီးများ၊ ဥပမာကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ သတ်မှတ်ထားသည့်…
Read MoreDay: October 28, 2023
ဂါဇာမှာ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုမှု အစ္စရေးပယ်ချ
တဲလ်အဗစ်၊ အောက်တိုဘာ -၂၈-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက အောက်တိုဘာ ၂၈ ရက်မှာ ဒေါသတကြီးပယ်ချလိုက်ပြီး သူကိုယ်သူ ကာကွယ်သွာမယ်လို့ ကတိပြုလိုက်ပါတယ်။ အစ္စရေးနဲ့ဟာမတ်စ်တို့အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို လူသားချင်းစာနာထောက်ထားမှုအရ ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက်တောင်းဆိုခဲ့ပါပေမယ့် အစ္စရေးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲနဲ့ ကြားနေမဲ ၄၅ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့တရားဝင်မှု ဒါမှမဟုတ် အစ္စရေးကိစ္စမှာ ကြားဝင်ဖို့ ပတ်သက်ဆက်ယှက်မှု တအောင်စတောင်မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂျီလက်အာဒန်က ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ဂါဇာမှာ…
Read Moreမိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား ကိုယ့်ကိုကိုယ် သတ်သေ
ဝါရှင်တန် ၊ အောက်တိုဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားကို သုံးရက်ကြာ ရှာဖွေပြီးနောက် သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၄၀ အရွယ် ရောဘတ်ကတ်ဆိူသူဟာ ကိုယ့်ကို ကိုသေနတ်နဲ့ပစ်ခတ်သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ပြည်သူ့ဘေးကင်းရေး မိန်းကော်မရှင်နာ မိုက်ကယ် ဆာ့ ချာ့က ပြေ ပြာတယ်။ ရဲတပ်ဖွဲ့က ဒေသခံတွေကို အိမ်ထဲမှာသာ နေထိုင်ကြဖို့ညွှန်ကြားချက်ကို ရုတ်သိမ်းပြီးနောက် နာရီပိုင်းအကြာမှာ သံသယရှိသူကို သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှု ကြောင့် သေဆုံးသူ တွေထဲမှာ သက်ကြီးအမျိုးသားတ ယောက် တက်သစ်စအားကစားသမားတ ယောက်နဲ့အသက် ၁၄ နှစ်မှ ၇၆ နှစ်ကြား နားမကြားသူလေး ယောက်တို့ ပါဝင်ပါတယ်။ “ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုမှာ သံသယရှိသူကို ရှာဖွေတွေ့ရှိခဲ့ပြီးပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီး…
Read MoreThis Day in History
Voice of Myanmar ဆိုဗီယက်ခေါင်းဆောင် နီကီတာခရုချော့ဗ်သည် ကျူးဘားရှိ ဆိုဗီယက်ဒုံးကျည်စခန်းများကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း ၁၉၆၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အမေရိကန်ကို အသိပေးခဲ့ပြီး အမေရိကန်ကလည်း ကျူးဘားကို မတိုက်ခိုက်ရန် ဆုံးဖြတ်ပြီးနောက် ကျူးဘားဒုံးကျည်အရေးအခင်း အဆုံးသတ်ခဲ့သည်။
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၈ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၂၀ ကျပ် ဝယ်ဈေး – ၃၁၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၂၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၅၀ ကျပ် ဝယ်ဈေး – ၈၈.၉၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၇ ကျပ် ဝယ်ဈေး – ၄၃၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreတိုက်ပွဲတွေကြောင့် မန္တလေး -မူဆယ် ပြည်ထောင်စု ကားလမ်မကြီးမှာ သွားလာမှုနည်း
အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၃ SP + Shy V ( VOM) ရှမ်းပြည်မြောက်ပိုင်းမှာ မနေ့ အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် မန္တလေး ၊ လောက်ကိုင် ၊ လားရှိုး ၊ ကွက်ခိုင် ၊ မူဆယ်ကားလိုင်းတွေ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။ လောက်ကိုင်မှာ ရောက်နေတဲ့ ဒေသခံ ကားသမားတယောက်က ” မန္တလေး ဆင်းမယ့် ခရီးသည်တွေ တင်ထားပြီး လမ်းအခြေအနေရ ကားက မထွက်ရသေးဘူး ၊ ကားကွင်းထဲမှာ ပိတ်မိနေတဲ့ ကားတွေ အများကြီးရှိတယ် ၊ လမ်းပွင့်တာနဲ့ ဆင်းဖို့ အရန်သင့်စောင့်ရတယ် ၊လောက်ကိုင်မြို့ထဲမှာတော့ ဒီမနက် လူသွား လူလာတွေရှိတယ် ၊ အတက်ကားကတော့…
Read More