လောက်ကိုင်မှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို ကူမင်းကနေ နေရပ်ပြန်ပို့ဖို့ စီစဉ်

 

ဘန်ကောက်၊ နိုဝင်ဘာ-၆-၂၀၂၃

မျိုးဆက်(VOM)

ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တေအကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လောက်ကိုင်မှာ လူကုန်ကူးခံရတဲ့ ထိုင်နိုင်ငံသား ၁၆၂ ဦးကို တရုတ်နိုင်ငံ ကူမင်းကနေ ထိုင်းကိုပြန်ပို့ဖို့ စီစဉ်နေကြောင်း ထိုင်းလက်ထောက်ရဲချုပ် Surachate Hakparn ကပြောပါတယ်။

လောက်ကိုင်မြို့ရဲ့ လက်ရှိအခြေအနေအရ တရုတ်နဲ့ မြန်မာအာဏာပိုင်တွေ မကြသေးမီက ဆွေးနွေးပြီးနောက် နှုတ်အားဖြင့် သဘောတူထားတဲ့ လမ်းကြောင်းအတိုင်း နေရပ်ပြန်ပို့မယ်လို့ ထိုင်းဒုတိယရဲချုပ် ဗိုလ်မှူးကြီး Surachate Hakparn ကပြောပါတယ်။

ထိုင်းနိုင်ငံသား ၁၆၂ ဦးဟာ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ဖျားယောင်းမှုနဲ့အတူ လူကုန်ကူးခံခဲ့ရတာဖြစ်ပါတယ်။ လောက်ကိုင်မြို့ကို အလုပ်လုပ်ဖို့ရောက်ရှိချိန်မှာတော့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ အသိမ်းခံခဲ့ရပြီး အပြင်ထွက်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

မကြာသေးမီအချိန်အတွင်းမှာတော့ သူတို့ဟာ လူကုန်ကူးသူတွေလက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အောက်တိုဘာလအတွင်း လူကုန်ကူးတွေလက်ကနေ ကယ်တင်နိုင်ခဲ့တဲ့ အခြားထိုင်းနိုင်ငံသားတွေနဲ့အတူ ဒေသခံ စစ်အခြေစိုက်စခန်းတခုမှာ ခိုလှုံနေခဲ့ကြပါတယ်။

လက်ရှိမှာတော့ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံကြောင်း နိုင်ငံကတာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ထိုင်းနိုင်ငံသားတွေကို ကယ်တင်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်ရှိ ထိုင်းသံရုံးဟာ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref:Bangkok Post

Photo:Bangkok Post

 

Related posts

VOM News

FREE
VIEW