တောင်ကိုရီးယားမှာ ခွေးသားစားတာ တားမြစ်ပိတ်ပင်ဖို့ စီစဉ်နေ

 

ဆိုးလ်၊ နိုဝင်ဘာ-၁၈-၂၀၂၃

မျိုးဆက်(VOM)

တောင်ကိုရီးယားမှာ ခွေးသားစားတာကို ပိတ်ပင်တားမြစ်ဖို့နဲ့ တိရိစ္ဆာန်အခွင့်အရေးဆိုင်ရာ အသိပညာတွေတိုးပွားလာချိန်မှာ ရှေးရိုးစွဲဓလေ့အပေါ် အငြင်းပွားမှုကို အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း တောင်ကိုရီးယား အာဏာရပါတီ မူဝါဒရေးရာ အကြီးအကဲတယောက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ခွေးသားစားတဲ့ ကိုရီးယားဓလေ့ဟာ ရက်စက်တဲ့ဓလေ့တခုအဖြစ် ပြည်ပနိုင်ငံတွေက ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး ပြည်တွင်းမှာလည်း အထူးသဖြင့် လူငယ်တွေကြားမှာ ဒီကိစ္စအပေါ် ဆန့်ကျင်မှုတွေ တိုးပွားလာပါတယ်။

ခွေးသားစားတာနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီလို့ အာဏာရပါတီ မူဝါဒရေးရာအကြီးအကဲ Yu Eui-dong က အစိုးရတာဝန်ရှိသူတွေ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသေူတွနဲ့ တွေ့ဆုံရာမှာ ပြောပါတယ်။

ခွေးသားစားတာ တားမြစ်ချက်ကို ကျင့်သုံးဖို့အတွက် ယခုနှစ်အတွင်းမှာ ဥပဒေကြမ်းတရပ် တင်သွင်းဖို့ သူက မျှော်လင့်ထားပြီး နှစ်ဘက်စလုံးရဲ့ထောက်ခံချက်နဲ့ ဥပဒေကို လွှတ်တော်က အတည်ပြုသင့်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေးဝန်ကြီး Chung Hwang-keun ကလည်း အစိုးရအနေနဲ့ ဒီတားမြစ်ချက်ကို အမြန်အကောင်အထည်ဖော်ဖို့ စီစဉ်နေပြီး သတ်စားဖို့အလို့ငှာ ခွေးမွေးတဲ့လုပ်ငန်းတွေကို ပိတ်ပစ်ဖို့နဲ့ အဲဒီလုပ်ငန်းတွေကို ဖြစ်နိုင်ခြေရှိတဲ့ ပံ့ပိုးမှုတွေ ပေးမယ်လို့ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

သမ္မတကတော် ကင်ကရွန်ဟီးဟာလည်း ခွေးသားစားသုံးမှုအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်သူတယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ သမ္မတယွန်းဆွတ်ခ်ယိုးလ်နဲ့အတူ ခွေးလေခွေးလွင့်တွေကို မွေးစားထားတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

Ref:Reuters

Photo:AFP/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW