အိန္ဒိယမှာ ဥမင်အတွင်းပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ဖို့ နီးစပ်လာ

 

ဒေလီ၊ နိုဝင်ဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ ဥတာရာခန်းပြည်နယ်ရှိ ဥမင်လှိုဏ်ခေါင်းတွင် ပိတ်မိနေသည့် အလုပ်သမာ ၄၁ ဦးကို ကယ်တင်ရန် နီးစပ်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ဒီနေ့ နိုဝင်ဘာ ၂၃ ရက်မှာပြောပါတယ်။

အလုပ်သမားတွေဟာ မြေအောက်ဥမင်ဆောက်လုပ်နေချိန် ပြိုကျမှုကြောင့် နိုဝင်ဘာ ၁၂ ရက်ကတည်းက ပိတ်မိနေခဲ့တာဖြစ်ပြီး သူတို့ကို မနက်ဖြန်နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာပိုင်တွေဟာ ဥမင်ပြိုကျပြီးနောက် နာရီပိုင်းအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်သွယ်ရခဲ့ပြီး အောက်ဆီဂျင်၊ အစားခြောက်နဲ့ ရေတို့ကို ဥမင်ထဲကို ရေပေးတဲ့ပိုက်ကတဆင့် ပေးပို့နိုင်ခဲ့ပါတယ်။

သို့သော် ကယ်ဆယ်ရေးများနှောင့်နှေးမှုအပေါ် ပိတ်မိနေသူများ၏ ဆွေမျိုးသားချင်းများက ဝေဖန်မှုများရှိနေသည်။ ကယ်ဆယ်ရေးတွေဆောင်ရွက်စဉ်မှာ အပျက်အစီးတွေပြိုကျမှုကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပွားခဲ့ပြီး နည်းလမ်းသစ်တွေနဲ့ ကယ်တင်နိုင်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။

ဥတာကာရှီခရိုင်ရှိ ဆစ်ယာရာဥမင်ဟာ ဥတာရာခန်းပြည်နယ်ရှိ နာမည်ကြီးဘုရားဖူးနေရာတွေနဲ့ ချိတ်ဆက်မိစေရန် ပြည်ထောင်စုအဝေးပြေးလမ်းမကြီးရဲ့ တစိတ်တပိုင်းဖြစ်ပြီး ပတ်ဝန်းကျင်ဟာ တောတောင်ထူထပ်ပြီး အလွန်ကြမ်းတမ်းတဲ့နေရာဖြစ်ပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW