ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ရန်ကြီးအောင် တပ်စခန်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက် ထိခိုက်ကျဆုံး

    နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် တောင်ပိုင်း ၊ သံဖိုရွာနဲ့ မြိုသာရွာကြားမှာရှိတဲ့ ရန်ကြီးအောင် တပ်စခန်းကို ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေက လာရောက်တိုက်ခိုက်တာကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီဝန်းကျင်ကနေ စပြီးရန်ကြီးအောင် တပ်စခန်းမှာ တိုက်ပွဲဖြစ်တယ် ၊ တိုက်ပွဲဖြစ်ပြီး နှစ် နာရီလောက်အကြာမှာ လေကြောင်းပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိနိုင်တယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အခုထိ တိုက်ပွဲရှိန် မရပ်သေးဘူး ” လို့ သံဖိုဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ရန်ကြီးအောင်တပ်စခန်း တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး…

Read More

ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓါးစာခံတွေ သောကြာနေ့မတိုင်ခင်ထိ လွတ်မြောက်ဖွယ်မရှိကြောင်း အစ္စရေးပြော

  တဲလ်အဗစ်၊ နိုဝင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) ဂါဇာမှာဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေကို သောကြာနေ့မတိုင်ခင်ထိ ဟားမတ်စ်တို့က လွှတ်ပေးမှာမဟုတ်ကြောင်း အစ္စရေးအစိုးရတာဝန်ရှိသူတယောက် ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက် ကြာသပတေးနေ့ကစပြီး တိုက်ပွဲတွေကို ခေတ္တရပ်နားဖို့ မျှော်လင့်ထားပေမယ့် အစ္စရေးအစိုးရ သတင်းရင်းမြစ်တယောက်ကတော့ ဒီကိစ္စနှောင့်နှေးနေသေးတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့မှာ ပထမဆုံသော ဓါးစာခံတွေ လွတ်မြောက်လာဖို့မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ နှစ်ဘက်အကြား သဘောတူညီချက်အရ ဟားမတ်စ်တွေဟာ ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေထဲက အယောက် ၅၀ ကိုပြန်လွှတ်ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အစ္စရေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း ၁၅၀ ကိုလည်း အစ္စရေးက ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ မြေပြင်နဲ့ ဝေဟင်ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး ဟားမတ်စ်တွေကို အလုံးစုံချေမှုန်းမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုထားပါတယ်။ အစ္စရေး-ဟားမတ်စ ပဋိပက္ခစတင်ချိန်ကစပြီး အစ္စရေးမှာ…

Read More

ကျင်စန်းကျော့က ကုန်ကားကြီးကွင်းမီးလောင်မှု ကုန်ကား အစီးရေ ၃၀ ထက်မနည်း မီးလောင်ပျက်စီး

  ရန်ကုန်၊ နိုဝင်ဘာ ၂၃ – ၂၀၂၃ GG(VOM) မူဆယ် ၊ကျင်စန်းကျော့ဂိတ်နားက 7 ဟွာကျင့် ကားရပ်နားကွင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကုန်ကားအစီးရေ ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ တရုတ်ဘက် အထွက် မြန်မာဘက်ခြမ်း က ကျင်စန်းကျော့ဂိတ်အနီးက 7ဟွာကျင့် ကားရပ်နားကွင်းထဲကို လက်နက်ကြီးကျရောက်ပြီး ပေါက်ကွဲလို့ ကုန်ကားတွေမီးလောင်ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” လက်နက်ကြီးကျလို့ ကုန်ကားတွေမီးလောင်တာ အစီး၃၀ လောက်တော့ပါသွားပြီ ၊ မီးမကူးသေးတဲ့ကားတွေထဲက သော့ရှိတဲ့ကားတွေ စက်နိူးရတဲ့ကားတွေကိုတော့ အပြင်ကို ရွှေ့နေတယ်၊ကားတွေက ကုန်တွေနဲ့ ပါ ” လို့ မူဆယ် ကျင်စန်းကျော့ ဒေသခံ ကပြောပါတယ်။ အဆိုပါ 7 ဟွာကျင့်ကားကွင်းထဲမှာ တရုတ်ဘက်ကနေ…

Read More

တောင်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက် မြောက်ကိုရီးယားရုပ်သိမ်း၊ နယ်စပ်ကို တပ်ဖွဲ့ဝင်နဲ့ လက်နက်တွေ ပိုမိုဖြန့်ကြက်တော့မယ်

  ပြုံးယမ်း၊ နိုဝင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့အကြား စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ရည်ရွယ်ထားတဲ့ ငါးနှစ်သက်တမ်းရှိ စစ်ရေးသဘောတူစာချုပ်ကို မြောက်ကိုရီးယားက အပြည့်အဝရုပ်သိမ်းလိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေပါတယ်။ မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၁ ရက်မှာ အာကာသထဲကို စစ်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားက နယ်စပ်တလျှောက်မှာ ထောက်လှမ်းရေးလေယာဉ်တွေကို ဖြန့်ကြက်မှုတွေကိုပြန်လည်စတင်မယ်လို့ ပြောကြားခဲ့ဲပြီး နှစ်နိုင်ငံကြား စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့သည်။ အဲဒီနောက်မှာတော့ မြောက်ကိုရီးယားဟာ စစ်ရေးသဘောတူညီချက်ကို အပြည့်အဝရပ်ဆိုင်းလိုက်ပြီး နယ်စပ်ကို တပ်ဖွဲ့ဝင်အများပြားနဲ့ လက်နက်တွေ ဖြန့်ကြက်မယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ မြောက်ကိုရီးယားစစ်တပ်ဟာ စက်တင်ဘာ ၁၉ တောင်-မြောက်စစ်ရေးသဘောတူညီချက်အရ ဘယ်လိုစည်းနှောင်မှုမျိုးမှ မရှိတော့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။ မြေပြင် ဝေဟင် နဲ့ ရေပြင် အပါဝင် နယ်ပယ်အားလုံးမှာ စစ်ရေးပဋိပက္ခတွေကို တားဆီးဖို့လုပ်ဆောင်တဲ့ အစီအမံတွေအားလုံးကို ရုပ်သိမ်းပြီး နယ်စပ်ဒေသမှာ ပိုမိုအားကောင်းတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၃၃ ကျပ် ဝယ်ဈေး – ၃၆၄၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၀၈ ကျပ် ဝယ်ဈေး – ၉၄.၇၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၃ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အိန္ဒိယမှာ ဥမင်အတွင်းပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ဖို့ နီးစပ်လာ

  ဒေလီ၊ နိုဝင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ဥတာရာခန်းပြည်နယ်ရှိ ဥမင်လှိုဏ်ခေါင်းတွင် ပိတ်မိနေသည့် အလုပ်သမာ ၄၁ ဦးကို ကယ်တင်ရန် နီးစပ်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတွေက ဒီနေ့ နိုဝင်ဘာ ၂၃ ရက်မှာပြောပါတယ်။ အလုပ်သမားတွေဟာ မြေအောက်ဥမင်ဆောက်လုပ်နေချိန် ပြိုကျမှုကြောင့် နိုဝင်ဘာ ၁၂ ရက်ကတည်းက ပိတ်မိနေခဲ့တာဖြစ်ပြီး သူတို့ကို မနက်ဖြန်နေ့လယ်ပိုင်းမှာ ကယ်တင်နိုင်မယ်လို့ ယုံကြည်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ ဥမင်ပြိုကျပြီးနောက် နာရီပိုင်းအတွင်း ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ အဆက်သွယ်ရခဲ့ပြီး အောက်ဆီဂျင်၊ အစားခြောက်နဲ့ ရေတို့ကို ဥမင်ထဲကို ရေပေးတဲ့ပိုက်ကတဆင့် ပေးပို့နိုင်ခဲ့ပါတယ်။ သို့သော် ကယ်ဆယ်ရေးများနှောင့်နှေးမှုအပေါ် ပိတ်မိနေသူများ၏ ဆွေမျိုးသားချင်းများက ဝေဖန်မှုများရှိနေသည်။ ကယ်ဆယ်ရေးတွေဆောင်ရွက်စဉ်မှာ အပျက်အစီးတွေပြိုကျမှုကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပွားခဲ့ပြီး နည်းလမ်းသစ်တွေနဲ့ ကယ်တင်နိုင်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပါတယ်။ ဥတာကာရှီခရိုင်ရှိ ဆစ်ယာရာဥမင်ဟာ ဥတာရာခန်းပြည်နယ်ရှိ နာမည်ကြီးဘုရားဖူးနေရာတွေနဲ့…

Read More

This Day in History

  Voiceo of Myanmar ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပြင်သစ်ရေတပ်က ဗီယက်နမ်ဆိပ်ကမ်းမြို့ ဟိုင်ဖောင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗီယက်နမ်အရပ်သား ၆၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။  

Read More

ချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်လို့ ကုန်သွယ်ရေးလမ်းအများစု ပိတ်ထားခံရလို့ ကုန်စည်ပြတ်လပ်

    နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၄ SP(VOM)   ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်တွေမကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေး လမ်းပိုင်းတွေ အများစု ပိတ်ခံထားရတယ်လို့ ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။     ဒီအကြောင်းနဲ့ ပတ်သက်လို့ အထက်မြန်မာပြည် ကားလုပ်ငန်းရှင် တယောက်က ” ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်စပြီး ဒီကနေ့အထိမကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့ကြားမှာရှိတဲ့ တောင်ပေါ် လမ်းပိုင်းကို ပိတ်ထားတယ် ၊ အဲ့ဒီလမ်းပိုင်းမှာ အတက်ကားနဲ့ အဆင်းကားတွေ ရာချီပြီး ပိတ်မိနေတယ် ၊ နောက်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဟိုင်မွာလ်…

Read More

မီဇိုရမ်ပြည်နယ်မှာ မြန်မာ CDM စစ်သားဟောင်း တယောက် လူသတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခံရ

    နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP ( VOM)   မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ CDM စစ်သားဟောင်း တယောက်ဟာ လူသတ်ရန်ကြံစည်လို့ဆိုပြီး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင်းခရိုင် တရားသူကြီး က ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ် ရူပီးငွေ ၃၀၀၀ ချမှတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂၀ရက်က အိန္ဒိယသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။   ” တရားရုံး အမိန့်ချခံရတဲ့ မြန်မာစစ်သားဟောင်း (CDM)က ကျန်ဖိုင်းမြို့နယ် ၊ ဇိုးသဲ တိုက်ပွဲရှောင်စခန်းမှာ မိသားစုနဲ့ အတူနေထိုင်တယ်၊ သူက လွန်ခဲ့တဲ့ နှစ် နှစ်ကျော်က ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်မှာ ရှိတဲ့ ခလရ ၁၄၀ တပ်မှာ တပ်သား…

Read More
VOM News

FREE
VIEW