Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreMonth: November 2023
တပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲ၊ပြောင်း၊နှမ်း ဈေးနူန်း နိူင်းယှဉ်ဈေးကွက် သုံးသပ်ချက်
” နှမ်းနဲ့ မတ်ပဲ ဈေးပြန်ကျ ” ရန်ကုန်၊ နိုဝင်ဘာ ၂၆ – ၂၀၂၃ GG(VOM) ခုတပတ်မှာတော့ တန်ဆောင်တိုင် ပွဲတော်ကလရက်ဖြစ်တာနဲ့အညီ ပြည်တွင်း ပဲမျိုးစုံဈေးကွက်မှာလည်း အရောင်းအဝယ်အေးပြီး မတ်ပဲက ဈေးပြုတ်ကာ နှမ်းနဲ့ ပဲတီစိမ်း၊ကုလားပဲ၊မြေပဲကလည်း ဈေးထပ်ကျသွားသွားပြီး ပဲစဉ်းငုံနီ နဲ့ ပြောင်းဆန်က အကျဈေးမှာငြိမ်နေတယ်လို့ ကုန်စည်ဒိုင်တွေကသိရပါတယ်။ မတ်ပဲ မတ်ပဲကတော့ ခုတပတ်မှာ ဈေးတန်း ပြန်ကျသွားတာတွေ့ရ ပါတယ်။ မတ်ပဲကို အိန္ဒိယ ဘက်ကဝယ်လိုအားနည်းသွားတာကြောင့် ဈေးတန်းက ပြန်ကျလာတာဖြစ်ပါတယ်။ ပြည်တွင်း မှာလည်းမတ် ပဲလက်ကျန်မရှိသ လောက်နည်းသွားပြီဖြစ်တာကြောင့် ဈေးတန်းကပြန်ကျလာတာဖြစ်တယ် လို့သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို အရင်တပတ်က ၂၉ သိန်း ဈေးရှိခဲ့ရာကနေ ခုတပတ်မှာတော့ တစ်တန်ကို…
Read Moreကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို MNDAA က သိမ်း
နိုဝင်ဘာ ၂၆၊ ၂၀၂၃ Shy V (VOM) တရုတ် – မြန်မာ ကုန်သွယ်ရာ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေး ဂိတ်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့မနက် ၁၀ နာရီခန့်ကယမှာ MNDAA က သိမ်းပိုက်လိုက်ကြောင်း ကိုးကန့်ဘက်က သတင်းထုတ်ပြန်ချက်နဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ ယမန်နေ့ မနက် ၁၀ နာရီလောက်က သိမ်းလိုက်ကြောင်း ကိုးကန့် သတင်း မီဒီယာရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်း မုံးကိုး – မန်ဟိုင်းဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် ဂိတ်၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် ဂိတ်နဲ့ ချင်းရွှေဟော်…
Read MoreThis Day in History
Voice of Myanmar အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ပါကစ္စတန်မှ အစ္စလာမ္မစ်များက အကြမ်းဖက်တိုက်ခိုက်မှုများကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်စတင်ခဲ့ပြီး ၁၀ ကြိမ်ထက်မနည်း ဗုံးခွဲတိုက်ခိုက်မှုများအတွင်း လူ ၁၇၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
Read Moreရှင်မာလဲပွဲတော်
ဆူးငှက် မန္တလေးသည် သက်တမ်း ၁၅ဝ အတွင်း ”စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ် ဓားထစ်လည်းခံ” ဟူသော ပျဉ်းမငုတ်တိုကဗျာပါစာသားကဲ့သို့ ရောဂါကပ်ဘေး ကြီးများကျရောက်ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ နယ်ချဲ့စစ်၊ပြည်တွင်းစစ်ကဲ့သို့ စစ်မီးစစ်လျှံအောက် ကျရောက်ခြင်းစသည့် ဘေးအန္တရာယ် များကျရောက်တိုင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ စစ်ကိုင်းမင်းဝံတောင်ရိုးသို့ ပြေးဝင်ခိုလှုံခဲ့ကြရသည် ချည်းဖြစ်သည်။ စစ်ကိုင်း မင်းဝံတောင်ရိုးက ”တောင်ခြေစိမ်းစမ်းချောင်တွေ သိန်းသန်း” ဟုဆိုရမလိုတောတောင်သဘာဝရေမြေနှင့် သာသနိက အဆောက်အဦတွေ ပေါများသည်။ ထိုနေရာများမှာ မန္တလေးမြို့သူမြို့သားသောင်းချီသိန်းချီ၍ လွတ်လပ်ချောင်ချိ အေးချမ်းစွာခိုကိုးနိုင်သည်။ ခိုလည်းခိုကိုးခဲ့ကြသည်။ အကြိမ် မရေတွက်နိုင်တော့ ။ စစ်ကိုင်းမင်းဝံတောင်ရိုး၏ ကျေးဇူးက မန္တလေးမြို့ပေါ်မှာတိုးလို့၊ တိုးလို့ နေတော့သည်။ ထိုထုထည်ကြီးမားသော ကျေးဇူးကိုကထိန် ရာသီတွင် မန္တလေးက စစ်ကိုင်းမင်းဝံတောင်ရိုးနေရဟန်းတော်များကိုကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ကြသည့် အစဉ်အလာရှိသည်။ ရတနာပုံမ်မန္တလေး ခေတ်ကတည်းက…
Read Moreမြန်မာ့အရေးဖြေရှင်းဖို့ အဓိကပါဝင်နေသူတွေရဲ့ အစည်းအဝေး အင်ဒိုနီးရှားမှာ ကျင်းပခဲ့
ဂျကာတာ၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့အရေးနဲ့ပတ်သက်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကျင်းရေးအတွက် အဓိကပါဝင်နေသူတွေ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ပြီး အပြုသဘောဆောင်တဲ့ အလားအလာတွေရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။ အစည်းအဝေးကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်ထိ ဂျကာတာမှာကျင်းပခဲ့တာဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NUG တက်ရောက်ခဲ့ပြီး နစကဘက်က တိုက်ရိုက်ကိုယ်စားပြုသ ူမပါဝင်ပေမယ့် ကြားခံတဆင့်ပြန်ပြောနိုင်သူတွေ တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနဲ့ အာဆီယံအကြားရရှိထားတဲ့ ဘုံသဘောတူညီချက်နဲ့အညီ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အာဆီယံအထူးသံတမန်ရုံးဟာ ဖြစ်နိုင်ချေရှိတဲ့ ပဏာမတွေ့ဆုံဆွေးနွေးမှုတခုအတွက် တက်ရောက်ခဲ့တဲ့ အဖွဲ့တွေရဲ့ သတင်းစကားနဲ့ အပြန်အလှန်ဖလှယ်မှုတွေအတွက် အဆင်ပြေချောမွေ့အောင်…
Read Moreဆန်စျေးတည်ငြိမ်ဖို့အတွက် စျေးကစားနေသူတွေကို အရေးယူမယ်
ရန်ကုန်၊ နိုဝင်ဘာ ၂၅ – ၂၀၂၃ GG(VOM) ပြည်တွင်းဆန်စျေးကွက် ပြန်လည်မြင့်တက်လာတာနဲ့ပတ်သက်ပြီး စျေးကစားသူတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချပ်MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဆန်အရောင်းဆိုင်တွေရဲ့ ဆန်ရောင်းချတဲ့စျေးနူန်းအခြေအနေတွေကို လိုက်လံစစ်ဆေးတာတွေလုပ်နေပြီး ဆန်ရည်ညွှန်းစျေးနဲ့ ပြင်ပစျေးကွက်ပေါက်စျေး ကွာဟမှု အနည်းဆုံး ဖြစ်အောင်လုပ်နေတယ်လို့သိရပါတယ်။ “ရည်ညွှန်းစျေးနဲ့ ေစျးကွက်ပေါက်စျေးနီးနီးစပ်စပ်ရှိအောင် ဆောင်ရွက်သွားဖို့အစီအစဥ်ရှိပါတယ် မကြာခင် ဆန်အဟောင်းတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေးနူန်းတွေပြောဖို့ရှိတယ်၊ ပြီးတော့ စျေးကစားတဲ့သူတွေကိုဖော်ထုတ်ပြီးတော့ တားမြစ်တာ စည်းရုံးတာ ပညာပေးတာလုပ်မယ် မရဘူးဆိုရင်တော့ဥပဒေနဲ့အညီအရေးယူဖို့စီစဥ်တာတွေလုပ်ရမယ့်အနေအထားဖြစ်ပါတယ် ” လို့ ဦးရဲမင်းအောင်က ပြောပါတယ်။ ဒီဇင်ဘာလမှာ မိုးဆန်အသစ်တွေရဲ့ ရည်ညွှန်းစျေး အပြင် ဆန်အဟောင်းတွေကိုပါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်ညွှန်စျေး ထုတ်ပြန်ဖို့ရှိကြောင်း ၊ ဆန်အရောင်းဆိုင်တေွအနေနဲ့ ဆန်ရည်ညွှန်းစျေးထက် ၁၀ ရာခိုင်နူန်းအထိသာ ကွာဟပြီးရောင်းချမှုကိုသာ လက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ အကယ်၍ သတ်မှတ်ဆန်ရည်ညွှန်းစျေးထက်…
Read Moreမြန်မာ – အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီးပေါ်က အရေးကြီး တာဝါစတေရှင် စခန်းကို ဒေသတွင်း လက်နက်ကိုင်တွေက ထိန်းချုပ်ထား
နိုဝင်ဘာ ၊ ၂၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် ၊ ယာကြီးကျေးရွာနဲ့ လာပို့ကျေးရွာကြား မြန်မာ – အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးမှာရှိတဲ့ အရေးကြီး တာဝါစတေရှင် စခန်းကို မနေ့ နိုဝင်ဘာ ၂၄ ရက်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက် ထိန်းချုပ်လိုက်တယ်လို့ ကနီမြို့နယ်မှာ နေတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” မုံရွာ – ယာကြီး – ကလေးဝ ( မြန်မာ အိန္ဒိယ ချစ်ကြည်ရေး)ကားလမ်းပေါ်က ယာကြီးရွာဆိုတာရှိတယ် ၊ အဲ့ဒီရဲ့အထက် ကွမ်းပင်ရေ နတ်ထိပ် တောင်ဆိုတာရှိတယ် ၊ မဟူနောင်တန်းလို့လည်း ခေါ်တယ် ၊ အဲ့ဒီမှာ ဆက်သွယ်ရေး လုပ်ငန်းအတွက်…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၅ ရက်၊ ညနေ ၄ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ အသိအမှတ်ပြုလက်မှတ် လျှောက်ရမယ်
နိုဝင်ဘာ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းအခြေစိုက် ပြည်တွင်းဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူတွေအနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပေးတဲ့ “ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်” ကို လျှောက်ထားကြဖို့ ပြည်တွင်းဘုရားဖူးအသင်းက အသိပေးထုတ်ပြန်ပါတယ်။ ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ အသိအမှတ်ပြုလက်မှတ် ရယူလျှောက်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ကို ပြည်တွင်းဘုရားဖူးအသင်းဝင်ဖြစ်မှ လျှောက်ထားလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ “စည်းကမ်းတကျလေး ဖြစ်အောင် နိုင်ငံတော်က လုပ်ပေးနေတာပါ။ ပြည်တွင်းခရီးသွားလုပ်ငန်းကို လုပ်မယ်ဆိုရင် တနိုင်တပိုင် လိုင်စင်လေးတွေဖြစ်တဲ့ ပြည်တွင်းအသိအမှတ်ပြုလိုင်စင် လျှောက်ကိုလျှောက်ရမယ်။ လိုင်စင်မရှိဘဲနဲ့ ဒီအလုပ်တွေကို လုပ်လို့မရဘူး။ အဲ့ဒါက ဘယ်မှာလျှောက်ရမလဲဆိုတော့ အသင်းကနေ ထောက်ခံချက်ယူပြီးတော့ ဟိုတယ်/ခရီးမှာ ပုံစံတွေထုတ်ရမယ်။ ဟိုတယ်/ခရီးက သတ်မှတ်တဲ့ပုံစံအတိုင်း ထောက်ခံစာတွေယူပြီးတော့ လိုအပ်တာတွေ ဖြည့်စွက်ပြီး ဟိုတယ်/ခရီးမှာပဲ ပြန်တင်ရတာ။ ဟိုတယ်/ခရီးကနေမှ ဒေသဆိုင်ရာ ခရီးသွားကော်မတီကို ပြန်တင်ပေးတာ။…
Read More