တိုင်ပေ၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) မဟာမိတ်ဖွဲ့လိုက်တဲ့ ထိုင်ဝမ်အဓိကအတိုက်အခံပါတီနှစ်ခုဟာ ဇန်နဝါရီလရွေးကောက်ပွဲအတွက် သမ္မတလောင်းတယောက်ကို ပူးတွဲရွေးချယ်ဖို့ ဆွေးနွေးမှုမှာ သဘောကွဲလွဲမှုကြောင့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို သီးခြားစီ စာရင်းပေးသွင်းခဲ့ကြပါတယ်။ တိုင်ပေရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ဟာ သမ္မတလောင်းကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းမှုကို ဒေသစံတော်ချိန် နိုဝင်ဘာ ၂၄ ညနေ ၅ နာရီ ၃၀ မိနစ်မှာ ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။ အဓိကအတိုက်အခံ ကူမင်တန်ပါတီမှ နယူးတိုင်ပေမြို့တော်ဝန် ဟိုယူအိုင်က သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်ဝမ်ပြည်သူ့ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ကိုဝန်ဂျီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အတိုက်အခံကူမင်တန်ပါတီနဲ့ ထိုင်ဝမ်ပြည်သူ့ပါတီ နှစ်ပါတီပေါင်းပြီး သမ္မတလောင်းတယောက်ယှဉ်ပြိုင်မှုဟာ အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် စိန်ခေါ်မှုအဖြစ် အကဲခတ်တွေက ရှုမြင်ထားခဲ့ကြပါတယ်။ ထိုင်ဝမ်ဒုသမ္မတ လိုင်ကျင်းတီဟာ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအတွက် ကိုယ်စားလှယ်လောင်းအဖြစ် နိုဝင်ဘာ ၂၁ ရက်ကတည်းက ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ Ref:NHK…
Read MoreMonth: November 2023
တိုက်ပွဲတွေကြောင့် တလအတွင်း မြန်မာဒုက္ခသည် သုံးသိန်းသုံးသောင်းကျော်ထိ တိုးလာ
ကုလသမဂ္ဂ၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အောက်တိုဘာနှောင်းပိုင်းမှစပြီး နေရပ်စွန့်ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၃၃၅၀၀၀ နီးပါးရှိလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်အပါအဝင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ကျယ်ပြန့်လာနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ်အတွက် အကူအညီရန်ပုံငွေ ၂၈ ရာခိုင်နှုန်းသာ ရရှိထားသေးတာကြောင့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေအတွက် ထည့်ဝင်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေဟာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ စစ်ရေးအသာစီးရယူနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မကြာသေးမီက ထိုးစစ်ဆင်မှုဟာ နိုင်ငံရေးအပြောင်းအလဲကို ချက်ချင်းဦးတည်သွားမှာ မဟုတ်သေးကြောင်း…
Read MoreCNG ဆိုင်တွေမှာ မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ် ကျင့်သုံးမယ်
နိုဝင်ဘာ ၂၅ – ၂၀၂၃ SN (VOM) CNG သဘာဝဓာတ်ငွေ့သုံး အရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရတာတွေကို လျှော့ချနိုင်ဖို့အတွက် မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ်ကို ကျင့်သုံး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက သိရပါတယ်။ ဒီအက်ပလီကေးရှင်းမှာ CNG အရောင်းဆိုင်တွေရဲ့ ကြေညာချက်တွေ၊ နောက်ဆုံးရသတင်းတွေနဲ့ ခန့်မှန်းစောင့်ဆိုင်းရမယ့် ကြာချိန်တွေကို သိရှိရမှာဖြစ်ပြီး လက်ရှိမှာ ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ ညှိနှိုင်းနေပြီး ကနဦးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ YBS ယာဉ်မောင်းတယောက်က “ဂက်စ်မကောင်းလို့ ကားတန်းရှည်တာ။ ဂက်စ်ကောင်းတဲ့အချိန်ဆို ဘယ်အချိန်မှ အကြာကြီးတန်းမစီရဘူး။ ဂက်စ်ကောင်းနေရင် ဘာအက်ပလီကေးရှင်းမှ လုပ်နေစရာမလိုဘူး။ ဂက်စ် အရည်အသွေးကောင်း၊ မီးမှန်၊ တွဲဆိုင်တွေ ခုထက်ပိုပေးနိုင်ရင် အဆင်ပြေပြီးသားလို့” လို့ ပြောပါတယ်။ မော်တော်ယာဉ်သုံး…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၅ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဖမ်းဆီးထားတဲ့ ဓါးစာခံ ၂၄ ယောက်ကို ဟားမတ်စ်တို့ပြန်လွှတ် ၊ ထိုင်းနိုင်ငံသား ၁၀ ယောက်ပါဝင်လာ
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးက ဖမ်းဆီးခေါ်ဆောင်လာတဲ့ ဓါးစာခံ ၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ဒီထဲမှာ အစ္စရေး ၁၃ ယောက်၊ ထိုင်း ၁၀ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသားတယောက်တို့ ပါဝင်လာပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း အကျဉ်းချထားတဲ့ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေး ၃၉ ယောက်ကိုပြန်လွှတ်ပေးခဲ့တယ်လို့ ကြားဝင်စေ့စပ်ပေးတဲ့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အီဂျစ်နဲ့ကာတာတို့ဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေပြီး လေးရက်ကြာ အပစ်ရပ်ကာလအတွင်း ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အစ္စရေးဓါးစာခံ အယောက် ၅၀ ကို ပြန်လွှတ်ပေးဖို့ ဟားမတ်စ်တွေနဲ့ သဘောတူထားပါတယ်။ ဒီကလာအတွင်း အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ကိုပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဟားမတ်စ်အဖွ့ဲက လွှတ်ပေးလိုက်တဲ့ ဓါးစာခံတွေကို အစ္စရေးကို ပြန်မခေါ်မီ ကျန်းမာရေးဆိုင်ရာ အကဲဖြတ်ဖို့ အီဂျစ်ကို…
Read MoreThis Day in History
Voice of Myanamr ကျူးဘားကို အနောက်ကမ္ဘာခြမ်း၏ ပထမဆုံးကွန်မြူနစ်နိုင်ငံအဖြစ် သွတ်သွင်းခဲ့သော ကျူးဘားနိုင်ငံရေးခေါင်းဆောင် ဖီဒယ်လ်ကတ်စထရိုသည် အသက် ၉၀ အရွယ် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည်။
Read Moreအကယ်၍ သင်သည် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုအန္တရာယ်အတွင်း ကျရောက်နေပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
ပိုမိုသိရှိလိုပါက အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://drive.google.com/…/1r1X7rW8…/view…
Read Moreတို့ဗမာအစည်းအရုံးဝင် နောက်ဆုံးလက်ကျန် သခင်ဖေသန့် (သထုံ) ကွယ်လွန်
နိုဝင်ဘာ ၂၄ – ၂၀၂၃ SN (VOM) လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲအတွင်းမှ တို့ဗမာအစည်းအရုံးဝင် နောက်ဆုံး လက်ကျန်ပုဂ္ဂိုလ်ဖြစ်သူ သခင်ဖေသန့် (သထုံ) ဟာ မနေ့ နိုဝင်ဘာ ၂၃ ရက်၊ မနက် ၆ နာရီ၊ ၄၅ မိနစ်ဝန်းကျင်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဆရာကြီးရဲ့မိသားစုက လူမှုကွန်ရက်ကတဆင့် အသိပေး ပြောကြားထားပါတယ်။ သခင်ဖေသန့်ဟာ လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ရရှိထားသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၀၁ နှစ် ရှိပြီဖြစ်ဖြစ်ပါတယ်။ “တို့ဗမာသခင်ထဲက ရှားရှားပါးပါးကျန်တဲ့သူမို့ နှမြောလည်း နှမြောသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ နယ်ချဲ့ကိုလည်း ခံချခဲ့သလို၊ ဖက်ဆစ်ကိုလည်း တော်လှန်ခဲ့တဲ့သူ၊ ဆန့်ကျင်ခဲ့တဲ့သူတယောက် ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” လို့ ဝါရင့်နိုင်ငံရေးသမားတယောက်က ပြောပါတယ်။ သခင်ဖေသန့်ဟာ စစ်ကြိုခေတ် ၁၉၃၈ ခုနှစ်၊ ကျောင်းသားသပိတ်မှာ သပိတ်မှောက်ကျောင်းသားတယောက်အဖြစ်လည်းကောင်း၊…
Read Moreဥမင်ပြိုကျပြီး ၁၀ ရက်ကျော်ကြာပိတ်မိနေတဲ့ အိန္ဒိယအလုပ်သမားတွေကို ကယ်တင်နိုင်ရေး နှောင့်နှေးပြန်
ဒေလီ၊ နိုဝင်ဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ဥတာရာခန်းပြည်နယ်မှာ ဥမင်လှိုဏ်ခေါင်းပြိုကျပြီးနောက ်ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ရေး ကြိုးပမ်းမှုတွေဟာ မြေတူးဖော်စက်ချို့ယွင်းမှုကြောင့် နှောင့်နှေးနေရကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။ အလုပ်သမားတွေ လွတ်မြောက်ဖို့အတွက် ပြျိကျနေတဲ့ ဥမင်မှာ လမ်းကြောင်းတခုဖန်တီးဖို့အတွက် အမေရိကန်လုပ် မြေတူးစက်ကိုအသုံးပြုပြီး အပျက်အစီးတွေကို တူးဖော်ရှင်းလင်းနေတာဖြစ်ပါတယ်။ စက်ကို ပြုပြင်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနက်ဖြန်မှ ပြန်လည်စတင်နိုင်မယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသရှိ အရှည် သုံးမိုင်ရှည်တဲ့ ဆောက်လုပ်ဆဲ ဥမင်ဟာ နိုဝင်ဘာ ၁၂ ရက်ပြိုကျပြီး အလုပ်သမားတွေ ပိတ်မိနေတာဖြစ်ပါတယ်။ ပိတ်မိပြီးများမကြာမီမှာ အလုပ်သမားတွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သူတို့အတွက် သောက်ဆုံးရေ၊ အစားအစာနဲ့ အောက်ဆီဂျင်တို့ကို ဥမင်ထဲရေပေးတဲ့ ပိုက်ကတဆင့် အဆက်မပြတ်ပေးပို့နိုင်ခဲ့ပါတယ်။ အလုပ်သမားတွေကို ဒီနေ့မနက်ပိုင်းမှာ ကယ်တင်နိုင်မယ်လို့ တာဝန်ရှိသူတွေက…
Read More