စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် စက်သုံးဆီစျေးနူန်းတွေ အဆမတန်မြင့်တက်နေ

  နိုဝင်ဘာ ၊ ၂၄ ၊၂၀၂၃ SP ( VOM) လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်စလို့ ဒီကနေ့အထိ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ တမူး ၊ ကလေး ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေကို ကုန်စည်ပို့ဆောင်တဲ့ ကားလမ်းတွေ ပိတ်ဆို့ခံထားရတာကြောင့် စက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်လာနေတယ်လို့ ယာဥ်သုံးစွဲသူ ဒေသခံတွေဆီက သိရပါတယ်။ ” ကလေးမြို့ကို မုံရွာ – မန္တလေးဘက်ကနေ ကုန်စည်ပို့ဆောင်ဖို့ဆိုရင် အရင်က မုံရွာ – ဂန့်ဂေါ – ကလေး ကားလမ်းကနေ ကုန်ကားတွေလာတယ် ၊ အဲ့ဒီလမ်းကြောင်းမှာက တိုက်ပွဲတွေ ၊ မြေမြုပ်မိုင်းတွေကြောင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်ထားတာ နှစ်…

Read More

မန္တလေး – ပြင်ဦးလွင်လမ်းမှာ ကားနှစ်စီးတိုက်မိလို့ လေးယောက်သေဆုံး၊ ငါးယောက်ဒဏ်ရာရ

  နိုဝင်ဘာ ၂၄ – ၂၀၂၃ SN (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈/၄) မိုင်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်၊ မနက် ၈ နာရီဝန်းကျင်အချိန်က ကားနှစ်စီးတိုက်မိလို့ လေးယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်မှာ Light Truck ယာဉ် တစီးဟာ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း ညာဘက်ခြမ်းမှာရပ်ထားတဲ့ Saloon KIA Cerato (အနီရောင်) ယာဉ်ကို နောက်ကနေ ဝင်ရောက် တိုက်မိခဲ့တာဖြစ်ပြီး (၁၀) ပေခန့်အနက်ရှိတဲ့ မြောင်းထဲကို ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “Light Truck က အဆင်းကိုမှ အရှိန်မထိန်းနိုင်ဘဲ Saloon ကားကို…

Read More

This Day in History

  Voice of Myanmar အမေရိကန်သည် အိုင်ဝိုဂျီးမားရှိ ဂျပန်စစ်တပ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၁၉၄၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် တိုကျိုမြို့ကို ဘီ-၂၉ ဗုံးကြဲလေယာဉ် ၁၀၀ ကျော်ဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သည်။

Read More

ကလေးမြို့နယ်ထဲက ဒိုးဝိုင်းချောင်း ထိတွေ့ တိုက်ပွဲမှာ အရပ်သား လေးဦး သေဆုံး

  နိုဝင်ဘာ ၊ ၂၄ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း ၊ လေး – လက်ပံချောင်း ကားလမ်းဘေးက ဒိုးဝိုင်းချောင်းရွာနားမှာ နစက လုံခြုံရေး ကင်းစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ နှစ်ဘက် ပစ်ခတ်မှုတွေကြားမှာ အရပ်သား တချို့ ထိခိုက်သေဆုံးတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အဲ့ဒီတိုက်ပွဲကို ဒိုးဝိုင်းချောင်းတိုက်ပွဲလို့ ဒေသခံတွေက ခေါ်ဆိုကြတယ် ၊ တိုက်ပွဲဖြစ်တာက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်မှာဖြစ်တယ် ၊ အဲ့ဒီနေ့မှာပဲ သေဆုံးသူတွေရဲ့အလောင်းတချို့ ကောက်ယူလို့ ရသလို ၊ မနေ့ကမှ ကောက်ယူလို့ရတာတွေရှိတယ် ၊ အရပ်သား…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၂၅ ကျပ် ဝယ်ဈေး – ၃၃၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၄၀ ကျပ် ဝယ်ဈေး – ၂၄၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၆၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၂၃ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂၄ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။    

Read More

ဟုမ္မလင်း ရွှေပြည်အေး မြို့သစ်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထား

  နိုဝင်ဘာ ၊၂၃ ၊ ၂၀၂၃ SP ( VOM)   စစ်ကိုင်းတိုင်း အထက်ပိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ရွှေပြည်အေး မြို့သစ်ကို ဒီကနေ့ ၊ နေ့လယ် ၁၂ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ရွှေပြည်အေးမြို့သစ်မှာ အရင်ကတော့ တပ်ရော ၊ ရဲစခန်းပါရှိတယ် ၊ အဲ့ဒီ စခန်းတွေက ပြန်ရုတ်ထားတာကြာပြီ ၊ ရှမ်းနီဒေသကာကွယ်ရေးတပ် (SNA)နဲ့ ပြည်သူ့စစ်တွေရှိတယ် ၊ သူတို့လည်း လှုပ်ရှားသဘောဆိုတော့ အထိုင်ချမထားဘူး ၊ အဲ့ဒီ အချိန် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်လိုက်တာဖြစ်တယ် ” လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။   ဒါ့အပြင် ရွှေပြည်အေးမြို့သစ်ဆိပ်ကမ်းမှာ ရပ်နားဆိုက်ကပ်ထားတဲ့ ရေယာဥ်လုပ်ငန်းရှင်…

Read More

ငါန်းဇွန်မြို့နယ်မှာ လူ ခုနှစ်ယောက် ပစ်သတ်ခံရ

  နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၃ SP (VOM)   မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သံကုန်းကျေးရွာမှာရှိတဲ့ ကုန်စုံဆိုင်တခုမှာ မနေ့ နိုဝင်ဘာ ၂၂ ရက် ၊ ည ၉ နာရီဝန်းကျင်က အရက်ဝိုင်းဖွဲ့သူတွေရော ဆိုင်ပိုင်ရှင်ဖြစ်သူတွေပါ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ပစ်သတ်ခံရတဲ့သူတွေက အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီးတယောက်ဖြစ်တယ် ၊ သေဆုံးသူတွေက ကိုဗျိုင်းကြီး၊၂၉နှစ် ၊ ကိုပိုင်၃၈ နှစ် ၊ ကိုဝေအောင်၊ ၂၃ နှစ်၊ ကိုနန်းဝင်း ၃၇ နှစ်၊ ​ကိုဖိုးချစ် ၁၈ နှစ်၊ ဦးချစ်ဟန် ၇၀ နှစ် နဲ့ ဒေါ်ဝင်း ၆၉ နှစ် ဖြစ်တယ်”…

Read More

ရခိုင်တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း အေအေက စခန်းပေါင်း (၄၀) ကျော်ကို သိမ်းပိုက်ထားနိုင်ဟုဆို

နိုဝင်ဘာ ၂၃ – ၂၀၂၃ SN (VOM)   တိုက်ပွဲကာလ (၁၀) ရက်တာအတွင်း ရက္ခိုင့်တပ်မတော် (AA) က နစကစခန်း (၄) ခုကို ထိုးစစ်ဆင် သိမ်းပိုက်ထားနိုင်ခဲ့ပြီးစွန့်လွှတ်သွားတဲ့ စခန်းပေါင်း (၄၀) ကျော်ကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ AAက သတင်းထုတ်ပြန်ထားပါတယ်။   ရက္ခိုင်ဒေသစစ်မျက်နှာမှာ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့ပြီး နိုဝင်ဘာ (၂၂) ရက်နေ့မှာတော့ ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။     စစ်ဆင်ရေးစတင်တဲ့ ပထမနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့…

Read More

တရုတ်မြောက်ပိုင်းမှာ ကလေးငယ်တွေကြား အမည်မသိအဆုတ်ရောင်ရောဂါ အစုလိုက်အပြုလိုက် ကူးစက်နေ

  ပေကျင်း၊ နိုဝင်ဘာ-၂၃-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကလေးငယ်တွေကြားပျံ့နှံ့နေတဲ့ အမည်မသိအဆုတ်ရောင်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်နေတာနဲ့ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေ ပိုမိုပေးအပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံတဝန်းရှိ ကလေးဆေးရုံတွေမှာ ဖျားနာနေတဲ့ ကလေးငယ်တွေနဲ့ ပြည့်နှက်နေကြောင်း အစိုးရမဟုတ်တဲ့ သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။ ယခုဆောင်းရာသီမှာ တုပ်ကွေးလိုမျိုး အဖျားအနာတွေတိုးလာတာဟာ ကိုဗစ်အစီအမံတွေကို ရုပ်သိမ်းလိုက်တာကြောင့်လို့ တရုတ်အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အဖျားရောဂါနဲ့ပတ်သက်ပြီး လူတွေကို ကူးစက်မှုလျှော့ချနိုင်ရေး အစီအမံတွေ ဆောင်ရွက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံကို တိုက်တွန်းထားပါတယ်။ အောက်တိုဘာလမှစပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ လွန်ခဲ့တဲ့သုံးနှစ် အလားတူကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် တုပ်ကွေးရောဂါလို ဖျားနာမှုတွေ တိုးလာကြောင်း ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှု စောင့်ကြည့်ရေးအဖွဲ့က ProMed ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတင်းမီဒီယာတွေနဲ့ ထုတ်ပြန်ထားတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ ရောဂါအမည်မသိသေးတဲ့ အဆုတ်ရောင်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆီက…

Read More
VOM News

FREE
VIEW