ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ နီးလာချိန် ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာ

 

တိုင်ပေ၊ ဒီဇင်ဘာ-၁-၂၀၂၃

မျိုးဆက်(VOM)

ဇန်နဝါရီလမှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်ခင် ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကလည်း ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို တရုတ်တိုက်လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းခဲ့ပြီး ကျွန်းအနီးမှာ တရုတ်စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို ထောက်လှမ်းတွေ့ရှိခဲ့တယလို့ ဆိုပါတယ်။

ကျွန်းရဲ့ အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ တရုတ်စစ်တပ်ရဲ့ ဂျေ-၁၀ နဲ့ဂျေ-၁၆ တိုက်လေယာဉ်တွေအပါအဝင် သင်္ဘောပေါ်က ရဟတ်ယာဉ်တွေ ပျံသန်းမှုကို တွေ့ရှိခဲ့ပြီး စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဆိုပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့ လေးနှစ်ကစပြီး ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်တာတွေအပါအဝင် ကင်းလှည့်မှုတွေ တိုးမြင့်လာပါတယ်။

ထိုင်ဝမ် သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာကျင်းပမှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေကာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ အဓိကကျတဲ့ ငြင်းခုံဆွေးနွေးစရာဖြစ်နေပါတယ်။

Ref: CNA

Photo: Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW