ါဇာက အရပ်သားတွေ ဘေးကင်းရေး အစ္စရေးကို အမေရိကန်တိုက်တွန်း

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၁-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခစတင်ပြီးနောက်ပိုင်း တတိယမြောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၃၀ရက်မှာ အစ္စရေးကို ရောက်ရှိနေပြီး နှစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဘလင်ကင်ဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဂျေရုဆလင်မှာ တွေ့ဆုံခဲ့ပြီး ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာဖို့ ဘလင်ကင်က တိုက်တွန်းခဲ့ပြီး စစ်ဆင်ရေးတွေ ပြန်မစမ ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းရှိ အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

ဘလင်ကင်ဟာ အစ္စရေးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက်မှာ အနောက်ဘက်ကမ်းကို သွားပြီး ပါလက်စတိုင်းသမ္မတ မိုဟာမက်အဘစ်နဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရားမျှတပြီး ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိစေဖို့ အမေရိကန်အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီကိစ္စအောင်မြင်ရေးအတွက် ပဋိပက္ခမှာ ပါဝင်နေသူတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဘလင်ကင်က သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထားပါတယ်။

Ref:NHK

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW