၉၂ နဲ့ ၉၅ စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်လာ

 

ရန်ကုန် ၊ဒီဇင်ဘာ ၁ -၂၀၂၃

GG(VOM)

ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ၉၂ ဓာတ်ဆီ တလီတာ ၂၅၁၀ ကျပ်နဲ့ ၉၅ ဓာတ်ဆီ တလီတာကို ၂၆၄၀ ကျပ်ဈေးအထိရှိလာပြီး တလီတာကို ၃၄၀ ကျပ်လောက် ခုန်တက်သွားတယ်လို့သိရပါတယ်။

စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကို ဓာတ်ဆီတင်သွင်းမှုအပေါ် အမေရိကန်တဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ ရောင်းချပေးနေမှုကို ရပ်တန့်လိုက်တာကြောင့် ဓာတ်ဆီဈေးနူန်း ခုန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ နှစ်အောက်တိုဘာ လောက်ကစပြီးတော့ ၉၂ နဲ့ ၉၅ တင်သွင်းဖို့အတွက် တန်ဖိုး ရဲ့ ၄၀% ကို တစ်ဒေါ်လာ ၂၁၀၀ နဲ့ဟိုဘဏ်ကရောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆၀% ကိုတော့ ပြင်ပပေါက်ဈေးနဲ့တွက်ပီး စွမ်းအင်ဝန်ကြီးဌာနကဈေးသတ်မှတ်ခဲ့တယ်၊ဒါပေမယ့် အခုတော့ အဲ့ဒီ ၄၀%ကိုမရောင်းပေးတော့ပါဘူး၊တင်သွင်းမယ့်တန်ဖိုး ရာနူန်းပြည့်ကို ပြင်ဒေါ်လာ ပေါက်ဈေးနဲ့တွက်ပီးသတ်မှတ်လိုက်လို့ တလီတာကို ၃၀၀ ကျော် လောက်ကွာသွားတာပါ ” လို့ စက်သုံးဆီ လုပ်ငန်းရှင်တယောက်ကပြောပါတယ်။

ဒီဇယ် တင်သွင်းမှုအတွက်ကိုတော့ တင်သွင်းမှုတန်ဖိုးရဲ့ ၅၀ ရာခိုင်နူန်း ကို ဗဟိုဘဏ်က ၂၁၀၀ ကျပ် နဲ့ရောင်းချပေးပြီး ကျန်တစ်ဝက်ကို ပြင်ပဒေါ်လာပေါက်ဈေးနဲ့တွက်ချက်နေတာကြောင့် ဈေးနူန်းက ငြိမ်နေသေးတယ်လို့ဆိုပါတယ်။

၉၂ တစ်လီတာကို ၂၅၁၀ ကျပ် နဲ့ ၉၅ တလီတာကို ၂၆၄၀ ကျပ်ဆိုတာဟာ ရန်ကုန်မြို့ လက်လီဈေးဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာတော့ နေရာအနီးအဝေးနဲ့ နယ်မြေအေးချမ်းမှုမရှိတဲ့နေရာလမ်းပန်းဆက် သွယ်ရေး အပေါ်မူတည်ပြီး ဓာတ်ဆီ တလီတာကို ၁၅၀၀၀ ကျပ်အထိပင် ဈေးအဆမတန် မြင့်တက်မှုရှိနေတယ်လို့သိရပါတယ်။

” တောင်ကုတ်မှာ ၁၂၀၀၀ ၊ ၁၃၀၀၀ ဖြစ်နေပြီ၊ အောက်ခြေလူတန်းစားတွေဘယ်လို လုပ်ရတော့မလဲ ။ မြောက်ဦးဘက်မှာဆိုရင် ၁၅၀၀၀ တောင် ဆီရှာမရဘူးဖြစ်နေတယ် ” လို့ ရခိုင်ပြည်နယ် တောင်ကုတ်ကဒေသခံတယောက်ကပြောပါတယ်။

ရခိုင်ပြည်နယ်က မြောက်ဦး၊တောင်ကုတ်၊ စစ်တွေ အပါအဝင်စတဲ့ မြို့နယ်တွေမှာ ဓာတ်ဆီ တစ်လီတာကို ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ မြင့်တက်လာနေတဲ့အပြင် ဝယ်ယူရခက်တဲ့ ပြဿနာပါရှိနေတယ်လို့သိရပါတယ်။

အလားတူ နယ်မြေအေးချမ်းမှုမရှိတဲ့ ဒေသတွေမှာ ဓာတ်ဆီဈေးတွေ အဆမတန်မြင့်တက်နေတာကြောင့် ဒေသခံတွေဒုက္ခရောက်နေကြရတယ်လို့သိရပါတယ်။

စက်သုံးဆီဈေးမြင့်တက်လာမှုနဲ့အတူ နောက်ဆက်တွဲအကျိုးဆက်က သယ်ယူပို့ဆောင်ရေး ပါတဲ့လုပ်ငန်းတွေ၊ အခြေခံစားသောက်ကုန်ဈေးနူန်းတွေ တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

” ဒါကတော့ရှင်းပါတယ် လောင်စာဆီဈေးတက်ရင် သယ်ယူပို့ဆောင်စရိတ်တက်မယ်၊ မီးမလာတော့မီးစက်နဲ့သုံးရတာ မီးစက်ဆီဖိုးတက်မယ်၊ နောက်ဆုံးကုန်ဈေးနှုန်းတက်မယ်၊ ပိုကြပ်တည်းကြမယ်၊ ဝယ်လိုအားကျမယ်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေရပ်ကုန်မှာပေါ့။ ” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်ကပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ၉၂ တစ်လီတာကို ၉၂ တစ်လီတာကို ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၃၀၀ ကျပ် သာရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ စက်သုံးဆီဆိုင်တချို့မှာတော့ ဓာတ်ဆီဈေးတက်လာမှုနဲ့အတူ ၉၂ ပြတ်တောက်တဲ့ဆိုင်တွေရှိသလို ၉၅ ပြတ်တောက်နေတဲ့ဆိုင်တွေလည်းရှိလာနေပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW