တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ စောင့်ကြည့်ဖို့ ကမ်းခြေစောင့်တပ်စခန်းသစ်တခု ဖိလစ်ပိုင်ထားရှိ

 

မနီလာ၊ ဒီဇင်ဘာ-၂-၂၀၂၃

မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ကမ်းခြေစောင့်တပ်စခန်းသစ်တခုကို ဖွင့်လှစ်ထားရှိလိုက်ပါတယ်။

ကင်းစခန်းသစ်ဟာ ပက်ဂျ်အဆာကျွန်းမှာ တည်ရှိပြီး အဲဒီကျွန်းဟာ အငြင်းပွားဖွယ် စပရက်တလီကျွန်းစုမှာ ဖိလစ်ပိုင်ထိန်းချုပ်ထားတဲ့ အကြီးဆုံးသောနယ်မြေဖြစ်ပါတယ်။

ကင်းစခန်းအသစ်ကို ဒီဇင်ဘာ ၁ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးအကြံပေး အယ်ဒူရာဒိုအာနိုအပါအဝင် ဖိလစ်ပိုင်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ အခြားကင်းစခန်းတစ်ခုနေရာမှာ အစားထိုးခဲ့တာဖြစ်ပြီး ရေဒါနဲ့ သင်္ဘောခြေရာခံကိရိယာတွေပါဝင်ကာ ရေကြောင်းသွားလာလှုပ်ရှားမှုတွေနဲ့ မတော်တဆမှုတွေကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ရှိ ဆူဘီၤသတ္တာကျောက်တန်းကနေ ၂၅ ကီလိုမီတာအကွာမှာ ကျွန်းတုတခုကို တည်ဆောက်ထားပြီး စစ်ဘက်ဆိုင်ရာ အေခြေခံအဆောက်အအုံတွေကိုပါ တည်ဆောက်ထားပြီး နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားလျှက်ရှိပါတယ်။

Ref:NHK

Photo:AP

 

 

Related posts

Leave a Comment

VOM News

FREE
VIEW