မြောက်ကိုရီးယားကိုစောင့်ကြည့်ဖို့ စစ်ထောက်လှမ်းရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်

 

ဆိုးလ်၊ ဒီဇင်ဘာ-၂-၂၀၂၃

မျိုးဆက်(VOM)

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်မယ့် သူ့ရဲ့ ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းကို လွှတ်တင်လိုက်ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။

ထောက်လှမ်းရေးဂြိုဟ်တုကို တင်ဆောင်ထားတဲ့ စပေ့အိတ်စ်၏ ဖယ်လ်ကွန်-၉ ဒုံးပျံကို ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၉ မိနစ်က အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ကနေ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

လွှတ်တင်ပြီးနောက် ဂြိုဟ်တုကို ဒုံးပျံနဲ့ခွဲထုတ်ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်း နေရာချထားနိုင်ခဲ့ပြီး ဂြိုဟ်တုဟာ ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ မှ ၆၀၀ အတွင်းကနေ ကမ္ဘာကို လှည့်ပတ်မှာဖြစ်ပါတယ်။

ဂြိုဟ်တုစနစ်ဟာ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု ဖြစ်နိုင်ခြေရှိတဲ့ အစောပိုင်းအရိလက္ခဏာတွေ ကို ထောက်လှမ်းနိုင်မှာဖြစ်ပြီး တောင်ကိုရီးယား ဒုံးကျည်ကာကွယ်ရေးစွမ်းရည်ကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ကိုရီးယားဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ အာကာသထဲကို နောက်ထပ်ထောက်လှမ်းရေး ဂြိုဟ်တုလေးစင်း လွှတ်တင်ဖို့စီစဉ်နေပါတယ်။ မြောက်ကိုရီးယားဟာလည်း သူ့ရဲ့ ပထမဆုံး စစ်ထောက်လှမ်းရေးဂြိုဟ်တုကို ပြီးခဲ့တဲ့လက အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။

Ref:NHK

Photo:NHK

 

Related posts

Leave a Comment

VOM News

FREE
VIEW