အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်၊ ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော်သေဆုံး

ဂါဇာစီးတီး၊ ဒီဇင်ဘာ-၂-၂၀၂၃

မျိုးဆက်(VOM)

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးသွားပြီးနောက် တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

အမျိုသမီးဓါးစာခံတွေအားလုံးကို လွှတ်ပေးဖို့ ပျက်ကွက်တာကြောင့် ဟားမတ်စ်တို့ဟာ အပစ်အခတ်ရပ်စဲရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီးနောက် အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူ ၁၇၀ ကျော်သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းမကုန်မီနာရီပိုင်းအလိုမှာ ဂါဇာကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ခုနှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဟားမတ်စ်တို့ဟာ အစ္စရေးဓါးစာခံ ၁၀၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကိုပြန်လွှတ်ပေးခဲ့ပါတယ်။

နှစ်ဘက်အကြား အပစ်ရပ်ရေးအတွက် ကာတာ ၊ အီဂျစ်နဲ့ အမေရိကန်တို့က ဦးဆောင်ကြိုးပမ်းနေပြီး လူသားချင်းစားနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်ရေးနဲ့ ကူညီထောက်ပံ့မှုတွေ ပိုမိုဝင်ရောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကာတာနိုင်ငံက ပြောပါတယ်။

Ref:NHK

Photo: Wall Street

 

Related posts

Leave a Comment

VOM News

FREE
VIEW