ဖိလစ်ပိုင်မှာ ကက်သလစ်ဘုရားကျောင်း ဆုတောင်းပွဲပြုလုပ်ချိန် ပေါက်ကွဲမှုကြောင့် လူသုံးယောက် သေဆုံး

 

မနီလာ၊ ဒီဇင်ဘာ-၃-၂၀၂၃

မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံရှိ ကက်သလစ်ဘုရားကျောင်း ဆုတောင်းပွဲမှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကြောင့် လူသုံးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ မာရာဝီမြို့ မင်ဒါနာအိုတက္ကသိုလ်အားကစားရုံရှိ ဝတ်ပြုဆုတောင်းရာနေရာမှာ ဒီနေ့ ဒီဇင်ဘာ ၃ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီမြို့ဟာ ဖိလစ်ပိုင်အစိုးရတပ်တွေနဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေအကြား ၂၀၁၇ ခုနှစ်က ငါးလကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာဒေသတခုဖြစ်ပါတယ်။ လက်ရှိဖြစ်ရပ်ဟာ အသိဉာဏ်ကင်းမဲ့ပြီး ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုဖြစ်တယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက်မှုဆိုတာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ နေစရာမရှိကြောင်း အထူးသဖြင့် တက္ကသိုလ်လို အဆင့်မြင့်သင်ကြားမှု အသိုက်အဝန်းမှာဖြစ်ပွားတာဟာ ရွှံ့ရှာဖွယ်ဖြစ်တယ်လို့ ရှုတ်ချပြောဆိုပါတယ်။

လက်ရှိမှာတော့ တက္ကသိုလ်ကျောင်းဝင်းအတွင်း လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး နောက်ထပ်ထုတ်ပြန်ချက်မရမချင်း ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ဆိုင်းငံ့ထားမယ်လို့ အင်ဒါနာအို တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

Ref:BBC

 

Related posts

Leave a Comment

VOM News

FREE
VIEW