ဂါဇာတောင်ပိုင်းကိုပါ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဆင်မှု စတင်နေ

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၄-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းကို မြေပြင်ထိုးစစ် စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ် စစ်ဦးစီးချုပ် ဟာဇီဟယ်လီဗီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသလို ဂါဇာတောင်ပိုင်မှာလည်း ဟားမတ်စ်တို့ရဲ့ ပစ်မှတ်တွေကို စစ်ဆင်ရေးတွေ စတင်နေပြီလို့ သူကဆိုပါတယ်။

ဂါဇာတောင်ပိုင်း မြို့ကြီးဖြစ်တဲ့ ခန်းယွန်နစ်စ်မြောက်ဘက် ကီလိုမီတာအနည်းငယ်အကွာတွင် ဟားမတ်စ်တို့နဲ့ အစ္စရေးတို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ဟားမတ်စ်တို့က အပြင်းအထန် ခုခံနေပုံရကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အစ္စရေးဟာ ဂါဇာမှာပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေကို သောကြာနေ့မှာ ပြန်လည်စတင်ခဲ့ပြီး ဟားမတ်စ်တို့ဖမ်းဆီးသွားတဲ့ ဓါးစာခံတွေအားလုံးပြန်လည်လွှတ်မြောက်ရေးနဲ့ ဟားမတ်စ်တို့ကို အပြီးတိုင်ချေမှုန်းဖို့ ရွည်ရွယ်ထားတယ်လို့ အစ္စရေးက အခိုင်အမာပြောဆိုထားပါတယ်။

တနင်္ဂနွေနေ့မှာတော့ အစ္စရေးဟာ ဂါဇာတခွင်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂျာဘာလီယာ ဒုက္ခသည်စခန်းကို ဒုတိယအကြိမ်မြောက် ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ စတင်ပြီးနောက် နှစ်လနီးပါးအတွင်း ဂါဇာမှာ လူ တသောင်းငါးထောင်ကျော်သေဆုံးပြီး လေးသောင်းကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:NHK

Photo:Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW