မြန်မာစစ်ရှောင်တွေကို နယ်စပ်တလျှောက်မှာ လက်ခံဖို့ အသင့်ရှိကြောင်း ထိုင်းအစိုးရပြော

 

ဘန်ကောက်၊ ဒီဇင်ဘာ-၄-၂၀၂၃

မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လာမယ်ဆိုရင ်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ နယ်စပ်တလျှောက်မှာ ယာယီအမိုးအကာတွေ တည်ဆောက်ဖို့ ထိုင်းအစိုးရအနေနဲ့ အသင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနူကာရာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ မကြာသေးမီရက်ပိုင်းအတွင်းက တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားပြီးနောက်မှာ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ထိုင်းဘက်က အခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေကာ ရန်လိုမှုတွေအဆုံးသတ်ပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ မြန်မာ့ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာဖို့မရှိသေးကြောင်း၊ ဒါပေမယ့် အကြမ်းဖက်မှုတွေ တိုးမြင့်လာမယ်ဆိုရင်တော့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံသာမက အခြားနိုင်ငံတွေကိုပါ ပျံ့နှံ့သွားနိုင်တယ်လို့ ထိုင်းနိုင်ငံခြာရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့နိုင်ငံက တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံကို သက်ရောက်မှုတွေမရှိသေးပေမယ့် ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမယ်ဆိုရင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်ကို ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင်တွေ ဖြန်ကြက်ချထားနေကြောင်း ထိုင်းတပ်မဟာ ၃ ရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန်က ပြောဆိုထားပါတယ်။

Ref:Bangkok Post

Photo :AP

 

Related posts

Leave a Comment

VOM News

FREE
VIEW