ထိုင်းမှာ နှစ်ထပ်ဘတ်စ်ကားတစီး မတော်တဆမှုကြောင့် လူ ၁၄ ယောက်သေဆုံး

 

ဘန်ကောက်၊ ဒီဇင်ဘာ-၅-၂၀၂၃

မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ နှစ်ထပ်ဘတ်စ်ကားတစီး လမ်းချော်ပြီး သစ်ပင်ကို ဝင်တိုက်မိတာကြောင့် လူ ၁၄ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။

နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းရှိ ပရာချော့ခီရီခန်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုကြောင့် လူ ၃၂ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမယ့် ယာဉ်မောင်းဟာ အိပ်ချိန်လုံလုံလောက်လောက်မရခဲ့ဘူးလို့ ရဲတွေက သံသယရှိနေပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကားထဲကနေ ဆွဲထုတ်ဖို့ နာရီပေါင်းများစွာ အချိန်ယူခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ပရာချော့ခရီခန်းပြည်နယ်ဟာ ကမ်းခြေတွေ၊ ဂူတွေနဲ့ တောင်တန်းတွေကြောင့် ခရီးသွားတွေအကြား ရေပန်းစားတဲ့ နေရာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး နှစ်စဉ် လူထောင်ပေါင်းများစွာ သေဆုံးလေ့ရှိပါတယ်။

၂၀၂၂ ခုနှစ် တနှစ်တည်းမှာ ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၁၅၀၀၀ သေဆုံးခဲ့ပြီး ဗြိတိန်မှာတော့ ၁၇၀၀ သာရှိခဲ့တယ်လို့ လမ်းမတော်တဆမှုအချက်အလက်စင်တာရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Ref:BBC

Related posts

Leave a Comment

VOM News

FREE
VIEW