ဂါဇာ အပစ်ရပ်ရေး အခွင့်အလမ်းနည်းနေတယ်လို့ ကာတာဝန်ကြီးချုပ်ပြော

 

ဒိုဟာ၊ ဒီဇင်ဘာ-၁၁-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးသစ်အတွက် အခွင့်လမ်း နည်းပါးစေတယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။

ကာတာအနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက်ဖိအားပေးသွားမယ်လို့ သူကဆိုပါတယ်။ ဓါးစာခံတွေကို လွတ်မြောက်လာခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကာတာဟာ အဓိကကြားဝင်ခဲ့သူဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဂါဇာမှာ စစ်ပွဲကို အပြည့်အဝဆင်နွှဲနေကြောင်းနဲ့ မကြာသေးမီရက်ပိုင်းအတွင်း ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ အများအပြား လက်နက်ချခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါဟာ ဟားမတ်စ်တွေအဆုံးသတ်ဖို့ နိဒါန်းတခုပဲလို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့က အယ်လ်ဂျားဇီးယား သတင်းဌာနကို ပေးပို့ခဲ့တဲ့ အသံဖိုင်မှာတော့ ပြီးခဲ့တဲ့ ယာယီအပတ်ရပ်စဲရေးဟာ သူတို့အပေါ် ယုံကြည်ရတယ်ဆိုတာ သက်သေပြခဲ့တာဖြစ်ပြီး အစ္စရေးက ဆွေးနွေးမှုမပြုမချင်း နောက်ထပ်ဓါးစာခံတွေကို ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဂါဇာမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားနေပြီး ပဋိပက္ခစတင်ပြီးနောက် ဒီဇင်ဘာ ၁၀ ရက်ထိ ဂါဇာမှာ လူပေါင်း ၁၈၀၀၀ နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW