တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတိုက်မိ ၊ မတည်မငြိမ်လုပ်ရပ်တွေ ရှောင်ရှားဖို့ အမေရိကန် တိုက်တွန်း

 

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃

မျိုးဆက်(VOM)

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောနဲ့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ တိုက်မိပြီးနောက် တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်က ဒီဇင်ဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ သင်္ဘောတိုက်မိမှုအပြီးမှာ ဖိလစ်ပိုင်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက အပြန်အလှန်ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်တို့အတွက် အဓိကအချက်အချာကျတဲ့ စပရက်တလေကျွန်းစုရှိ စကင်းသောမတ်စ် သဲသောင်ပြင်အနီးမှာ ဖြစ်ပွားခဲ့တာပါ။

တရုတ်ကမ်းခြေစောင့် သင်္ဘောတွေဟာ ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေ မဆင်မချင်ပစ်ခတ်ခြင်းအပါအဝင် တရားဝင်ထောက်ပံ့ရေးမစ်ရှင်တွေ ဆာင်ရွက်နေတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို ထိခိုက်စေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။

ဒီလုပ်ရပ်သည် ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုံခြုံမှုကို ဂရုမစိုက်ဘဲ နိုင်ငံတကာ ဥပဒေတွေကို မျက်ကွယ်ပြုတာဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။

ယခင်ကလည်း သင်္ဘောချင်းတိုက်မိမှုနှစ်ခုအပါအဝင် တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား မကြာသေးမီလတွေအတွင်း တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။

Ref:CNA

Photo:Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW