မဟာမိတ်တွေအပေါ် နျူကလီးယားတိုက်ခိုက်ရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားမယ်လို့ အမေရိကန် သတိပေး

  ဝါရှင်တန်၊ ဒီဇင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် သို့မဟုတ် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကို မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှု မှန်သမျှကို လက်သင့်မခံကြောင်းနဲ့ ဒီလိုလုပ်မယ်ဆိုရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားလိမ့်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲကြေညာချက် ထုတ်ပြန် သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုက်ခိုက်မှုမှန်သမျှကို လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်ဆိုတာ ထပ်မံအတည်ပြုတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် နျူကလီးယားတားဆီးရေးဆိုင်ရာ နျူကလီးယားအတိုင်ပင်ခံကောင်စီအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို ဝါရှင်တန်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ တတိယအကြိမ်မြောက်ကိုတော့ လာမယ့်နွေရာသီကာလအတွင်း တောင်ကိုရီးယားမှာ ပြုလုပ်မှာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား၊ ဂျပန်အပြင် အမေရိကန်ပြည်မကြီးထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တီထွင်ထုတ်လုပ်လျှက်ရှိပြီး ဒုံးကျည်စမ်းသပ်မှုတွေကိုလည်း ယခုနှစ်အတွင်းမှာ စံချိန်တင် လုပ်ဆောင်နေပါတယ်။ မြောက်ကိုရီးယားဟာ ယခုလအတွင်းမှာ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်နိုင်တယ်လို့ တောင်ကိုရီးယား လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး…

Read More

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခရီးစရိတ်နဲ့ ကုန်ဈေးနှုန်း အဆမတန် တက်တဲ့အပြင် ကုန်တွေ ပြတ်လပ်လာ

  ဒီဇင်ဘာ ၁၇၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ကြောင့် လမ်းကြော အများစု ခရီးစရိတ်နဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်တဲ့အပြင် ကုန်တွေ ပြတ်လပ်လာကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မူဆယ် နဲ့ မော်တောင်းကြား ပို ဈေးကြီးတယ်။ ဆိုင်ကယ်နဲ့ မော်တောင်း အထိ နှစ် သိန်း လို့ပြောတယ်။ ကွတ်ခိုင်ထိ သုံးသိန်းခွဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ တောင်ပေါ်လမ်းကနေ ကားလမ်းပေါက်တဲ့အထိ ဆိုင်ကယ် နဲ့ သွားရတာတွေ ရှိပြီး မိုးရွာရင် လမ်းဆိုးတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ခရီးသည် တယောက်ကားခ ၂၀၀၀၀ နဲ့ ၂၅၀၀၀ ကြား သာရှိတဲ့ နမ့်ဖတ်ကာ…

Read More

ခုတပတ်မှာ ပဲ၊ပြောင်း၊နှမ်း စျေးနူန်းတွေထပ်တက်လာပါတယ်

  ရန်ကုန်၊ ဒီဇင်ဘာ ၁၇ – ၂၀၂၃ GG(VOM) ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုပဲ ဗဟိုဘဏ်မူဝါအရ သတ်မှတ်စျေးနူန်း ၂၁၀၀ ကျပ်နဲ့ မြန်မာငွေလဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်တာကြောင့် ပဲ ပြောင်း နှမ်းစျေးတွေပြန်တက်လာတာဖြစ် ပါတယ်။ ဒါ့ကြောင့်လည်း ပြည်ပကိုပို့ကုန်တင်ပို့မှုတွေလည်း ပိုပြီး တိုးမြှင့်ပို့နိုင်ဖို့လုပ်ဆောင်နေကြပါတယ်။ မတ်ပဲ မတ်ပဲက ပို့ကုန်ရငွေ​လျှော့ပြီးကတည်းက စျေးဆက်တိုက်ပြန်တက်လာပြီး ခုတပတ်မှာလည်း မန္တလေး၊ရန်ကုန်၊နယ်စျေးကွက်အားလုံးမှာ.စျေး ထပ်တက်လာ ပါတယ်။ ခုတပတ် ရန်ကုန်စျေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို ၂၉၈၂၅၀၀ ကျပ်အထိစျေးတန်းတက်လာပြီး အရင်တပတ်ကထက် တတန်ကို ၄၀၅၀၀ လောက်ထပ်တက်လာတာဖြစ်ပါတယ်။ မန္တလေးစျေးကွက်မှာလည်း မတ်ပဲအသစ် ပိဿာ ၆၀ တအိတ်ကို ၂၁၀၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်စျေးပေါက်နေ…

Read More

ရခိုင်စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ် အကူအညီလိုအပ်နေ

  ဒီဇင်ဘာ ၁၇ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းနီးပါး ရှိလာနေပြီး အခြေခံ စားနပ်ရိက္ခာ၊ အသုံးအဆောင်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမူကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေး အခက်အခဲအပြင် ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေပါ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။ “အခုကတော့ နှစ်ရက်၊ သုံးရက်ကစပြီး အကုန်လုံး အေးလာတော့ မြေပြင်မှာလိုနေတာ စောင်တွေ၊ ပုဆိုးတွေပေါ့။ အဓိက က ပေါက်တောဘက်က လာတဲ့သူတွေဆိုရင် ဘာမှကိုမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးလာရတဲ့သူတွေဆိုတော့ စားဝတ်နေရေး အတော်ကို ခက်ခဲနေတယ်။ ကျန်တဲ့နေရာ တော်တော်များများမှာလည်း ဒါက လိုအပ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ပေါက်တောဘက်ကလာတဲ့ သူတွေနဲ့ကျတော့ နည်းနည်းကွာတာပေါ့နော်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၇ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၂၅ ကျပ် ဝယ်ဈေး – ၃၄၆၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၁ ကျပ် ဝယ်ဈေး – ၂၅၅၁ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၈ ကျပ် ဝယ်ဈေး – ၄၆၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၇ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တောင်တရုတ်ပင်လယ်အရေး တရုတ်နဲ့တင်းမာမှုတွေ တိုးလာပြီး ပိုမိုရှုပ်ထွေးလာတယ်လို့ ဖိလစ်ပိုင်သမ္မတ ပြော

  တိုကျို၊ ဒီဇင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်အရေး တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ မကြာသေးမီက မြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက NHK နဲ့ သီးသန့်အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူဟာ ဂျပန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ တိုကျိုကို ရောက်ရှိနေတာဖြစ်ပြီး ဂျပန်နဲ့ အာဆီယံတို့အနေနဲ့ စီးပွားရေးကိစ္စတွေဆောင်ရွက်နေသလို လုံခြုံရေးနယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သင့်တယ်လို့ သူက ဆိုပါတယ်။ တရုတ်နဲ့တင်းမာမှုတွေဟာ မကြာသေးခင်လတွေမှာ တိုးပွားလာသလို ပိုမိုရှုပ်ထွေးလာနေပြီး အစည်းအဝေးတက်ရောက်လာတဲ့နိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနည်း ရှာသင့်တယ်လို့ မားကို့စ်ဂျူနီယားက ပြောပါတယ်။ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ မကြာသေးမီကလည်း ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ ပစ်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းသွားလာမှုတွေကို ဟန့်တားခဲ့ပါတယ်။ ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ပြောပါတယ်။ Ref:NHK Photo:AFP  

Read More

This Day in History

  Voice of Myanmar မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကွယ်လွန်ခဲ့ပြီး ၎င်း၏နေရာကို သားအငယ်ဆုံးဖြစ်သူ ကင်ဂျုံအန်က ဆက်ခံခဲ့သည်။

Read More

မူဆယ် – နမ့်ခမ်း လမ်းပေါ် စယ်လန့်မှာ စစ်ရှောင်တွေအပါအဝင် ခရီးသွားပြည်သူ အများအပြား ပိတ်မိနေ

  ဒီဇင်ဘာ ၁၆၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် – နမ့်ခမ်း လမ်းမကြီး စယ်လန့်ရွာနားမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ရှောင်တွေအပါအဝင် ခရီးသွားပြည်သူ အများအပြား ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခုဏကပဲလေ။ စယ်လန့်မှာ။ ဝင်လို့ပဲရတယ်။ ထွက်လို့ မရဘူး ပြောတယ်။ စယ်လန့်မှာ TNLA တွေ ထိုင်တယ်လေ။ မူဆယ် – နမ့်ခမ်း လမ်းမပေါ် ကားလည်း မှောက်တယ်၊ စစ်ဘေးရှောင်တွေလည်း များတယ် ” လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။ နမ့်ခမ်းမှာ နစကတပ်နဲ့ TNLA ပူးပေါင်း မဟာမိတ်အဖွဲ့ တို့ကြား တိုက်ပွဲ ဖြစ်ပွားနေတာ တလ ကျော် ကြာလာပြီ ဖြစ်ပြီး မူဆယ်နဲ့…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW