နိုင်ငံမှာ အလုပ်သမား ရှားပါးပြတ်လပ်မှုပြသနာ ရုရှား ကြုံတွေ့နေရ

  မော်စကို၊ ဒီဇင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) ရုရှာနိုင်ငံဟာ ယခုနှစ်အတွင်း အလုပ်သမားရှားပါး ပြတ်လပ်မှုနဲ့ အပြင်းအထန်ကြုံတွေ့နေရတယ်လို့ ရုရှားထိပ်တန်း သတင်းစာတစောင်ဖြစ်တဲ့ Izvestia က ရေးသားဖော်ပြထားပါတယ်။ ရေးသားဖော်ပြမှုတွေဟာ ရုရှားသုတေသနအင်စတီကျုရဲ့ အချက်အလက်တွေကို အခြေခံထားပြီး အလုပ်သမားရှားပါး ပြတ်လပ်မှုဟာ ၂၀၂၄ ခုနှစ်မှာ ပိုမိုဆိုးရွားလာမယ်လို့ ဆိုပါတယ်။ ယခုနှစ်မှာတော့ ရုရှားမှာ အလုပ်သမား ၄ သဒမ ၈ သန်းထိကျဆင်းခဲ့ပြီး ဒါဟာ နိုင်ငံလုပ်သားအင်အားရဲ့ ၆ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေပါတယ်။ ရုရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူးကလည်း အလုပ်သမားရှားပါးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ရုရှားဟာ ယူကရိန်းကို ပြီးခဲ့တဲ့နှစ်က ကျူးကျော်တိုက်ခိုက်ပြီးနောက် အလုပ်သမားဦးရေ ကျဆင်းလာပြီး အများအပြားဟာ နိုင်ငံကနေ စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို သွားရောက့်ကြပါတယ်။ လာမယ့်နှစ်ထိ အိုင်တီကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယားတွေ၊ ဆရာဝန်တွေနဲ့ ယာမောင်းရှားပါးမှုပြသနာဟာ လာမယ့်နှစ်ထိ ဆက်လက်ရှိနေဦးမယ်လို့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက…

Read More

မြောက်ဦး နန်းတော်ရာပြတိုက် လက်နက်ကြီးထိမှန်၊ တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားသေဆုံးမှုတွေရှိ

  ရန်ကုန်၊ဒီဇင်ဘာ ၂၅ – ၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ တိုက်ပွဲတွေပြင်းထန်လာနေပြီး နှစ်ဘက်ပစ်ခတ်မှုတွေအကြား လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားသေဆုံးတာရှိနေသလို ရှေးဟောင်းကျောက်စာတွေ ထိန်းသိမ်းထားတဲ့ပြတိုက်လည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ AA ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ပြီး လက်နက်ကြီးတွေပစ်ခတ်မှုကြောင့်ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၅ နာရီလောက်မှာ နန်းတော်ရာပြတိုက်ပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ပြတိုက်ထဲမှာထိန်းသိမ်းထားတဲ့ ကျောက်စာတိုင်တွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်း လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲပြီး ဆိုင်ကယ်စီးလာတဲ့ မိသားစုကို ထိမှန်ကာ မိခင်နှင့် ဖခင်ဖြစ်သူသေဆုံးပြီး ကလေးငယ်က ဒဏ်ရာရရှိခဲ့ရတယ်လို့သိရပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေအဆက်မပြတ် ရှိနေတာကြောင့် မြို့ပေါ်နေထိုင်သူတွေဟာ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ” လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ မြို့ပေါ်ကိုပစ်နေတာပါ။လွတ်ရာကို ကြည့်နေရတယ် ” လို့ မြောက်ဦး မြို့ခံ တယောက်ကပြောပါတယ်။…

Read More

ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်တိမ်းမှောက်မှု သံဃာတော်တွေ အပါအဝင် ခုနစ်ယောက် ဒဏ်ရာ ရ

  ဒီဇင်ဘာ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၇/ဝ) ဖာလုံကြားမှာ မနေ့ ဒီဇင်ဘာ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သံဃာတော်တွေ အပါအဝင် ခုနစ်ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ ယာဉ်မောင်း အိပ်ငိုက်ခဲ့တာကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ခဲ့တာလို့ သိရပြီး ရဟန်း နှစ်ပါး၊ ကိုရင် သုံးပါး၊ ‌ကျောင်းသား နှစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ရဟန်းနှစ်ပါးမှာ တပါးကတော့ ခေါင်းကွဲပြီး သွေးထွက်သွားတဲ့အတွက် နည်းနည်းတော့ ဒဏ်ရာပြင်းတယ်၊ ကိုရင် သုံးပါးထဲမှာလည်း နှစ်ပါးက ဒဏ်ရာ ကြီးတော့ကြီးတယ်။ ပေါင်ပဲ့ထွက်သွားတာနဲ့ လက်ပြင်အသားစိုင်…

Read More

သီရိလင်္ကာမှာ တပတ်တာ မူးယစ်စစ်ဆင်ရေးအတွင်း လူ၁၅၀၀၀ နီးပါးကို ဖမ်းဆီး

  ကိုလံဘို ၊ ဒီဇင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ မူးယစ်တိုက်ဖျက်ရေး တပတ်တာကာလ စစ်ဆင်ရေးအတွင်း အတွင်း လူပေါင်း ၁၅၀၀၀ နီးပါးကို ဖမ်းဆီးထိမ်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ စစ်ဆင်ရေးအတွက် ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ ၄၄၀ ကီလိုဂရမ်နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး မြို့တော်ကိုလံဘိုနဲ့ အခြားနေရာတွေမှာ ရှာဖွေမှုအတွင်း ရဲတပ်ဖွဲ့ဟာ အနံခံခွေးတွေကို အသုံးပြုခဲ့ကြပါတယ်။ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်စီးနှင်းမှုတွေဟာ တရာမဝင်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကမူ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ အတွက် ဝရမ်းထုတ်ရန် အမြဲတမ်းမလိုအပ်ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။ ပြစ်မှုကျူးလွန်သူတွေရဲ့ မော်တော်ယာဉ်နဲ့ ပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ စီးနှင်းမှုအတွင်း ဆင်းရဲသားရပ်ကွက်တေနွကို ပစ်မှတ်ထားခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသမားတွေဟာ သီရိလင်္ကာကို မူးယစ်ကုန်ကူးရာ ဗဟိုချက်အဖြစ် အသုံးပြုနေပြီး ဘိန်းဖြူ၊ ဆေးခြောက်အပါအဝင်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၄ ကျပ် ဝယ်ဈေး – ၂၅၆၄ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အင်ဒိုနီးရှား နီကယ်စက်ရုံပေါက်ကွဲမှု အလုပ်သမား ၁၃ ယောက်သေဆုံး

  ဂျကာတာ၊ ဒီဇင်ဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ နီကယ်စက်ရုံပေါက်ကွဲမှုကြောင့် အလုပ်သမား ၁၃ ယောက်ထက်မနည်း သေဆုံးသွားပြီး ဒါဇင်နှင့်ချီဒဏ်ရာရရှိကာ အချို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူ ရှစ်ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး ကျန်ငါးယောက်တော့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ ဒီစက်ရုံဟာ တရုတ်နိုင်ငံရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ မီးဖိုတခုပေါ်မှာ ပြုပြင်နေစဉ်အတွင်း မီးလောင်လွယ်တဲ့အရည်တမျိုးကျရောက်မီးလောင်ကာ အနီးနားရှိ အောက်ဆီဂျင်ကန်တွေ ပေါက်ကွဲမီးလောင်သွားခဲ့တယ်လို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေမှာ ဆိုပါတယ်။ အလုပ်သမားတွေဟာ ပေါက်ကွဲမှုကြောင့် မျက်နှာတွေနဲ့ အဝတ်အစားတွေကို မီးလောင်ခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က အလုပ်သမားတွေကို ကုသထောက်ပံ့စရိတ်ပေးမယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ထက်ဝက်နီးပါးဟာ နိုင်ငံခြားသားအလုပ်သမားတွေဖြစ်ပြီး ၁၇ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ခရိုင်အကြီးအကဲ မိုရိုဝါလီက ပြောပါတယ်။တရုတ်နိုင်ငံဟာ သူ့ရဲ့ တန်ဖိုးနည်းလျှပ်စစ်ကားလုပ်ငန်းကို ကြီးထွားလာစေဖို့ အာရုံစိုက်နေပြီး အင်ဒိုနီးရှားမှာ ရင်းနှီးမြုပ်နှံမှုတွေ…

Read More

This Day in History

Voice of Myanmar ဂျပန်နိုင်ငံတွင် ဟီရိုဟီတိုသည် ဖခင်ဖြစ်သူ ဧကရာဇ် ယိုရှီဟီတိုကို ဆက်ခံပြီး ဂျပန်နိုင်ငံ၏ ၁၂၄ ဆက်မြောက် ဧကရာဇ်အဖြစ် ၁၉၂၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ဆက်ခံခဲ့သည်။

Read More

စက်သုံးဆီ ပြတ်လပ်လာပြန်လို့ တန်းစီ ဝယ်ယူနေရပြီး ဆိုင်တချို့ အရောင်းပိတ်ထားပြန်

  ဒီဇင်ဘာ ၂၄ – ၂၀၂၃ SN (VOM) ရန်ကုန် အပါအဝင် ပြည်နယ်/တိုင်းတွေမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှစတင်ကာ စက်သုံးဆီတွေ ပြန်လည် ပြတ်လပ်လာတာကြောင့် ကားတွေ ပြန်တန်းစီနေရသလို အရောင်းပိတ်ထားတဲ့ ဆိုင်တချို့လည်း ရှိတယ်လို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။ “အခြေအနေကတော့ အခု အစောကြီးထပြီး တန်းစီလာရတယ်။ ဆီကတော့ လိုသလောက် ဝယ်လို့ ရနေသေးတယ်။ ဒါပေမယ့် ဆီဈေးကတော့ ၂၅၀၀ ကျော်သွားပြန်ပြီ။ ဆိုင်တွေကတော့ ဆီဘောက်ဆာကား မရောက်သေးရင် အရောင်းပိတ်ထားကြတယ်။ တချို့ဆိုင်တွေကျတော့လည်း 95 တမျိုးပဲရတယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။ တချို့ ဆီဆိုင်တွေမှာ 92 အောက်တိန်း တမျိုးသာရပြီး တချို့ဆိုင်တွေမှာတော့ 95 တမျိုးသာသာရကာ တချို့ဆိုင်တွေကတော့ သီလဝါကနေ စက်သုံးဆီ ထုတ်ယူနေတာဖြစ်တဲ့အတွက် ခေတ္တအရောင်းပိတ်ထားကြတယ်လို့…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၅၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW