This Day in History

Voice of Myanmar ခေတ်သစ်သမိုင်းတွင် မွတ်ဆလင်နိုင်ငံ တနိုင်ငံ၏ ပထမဆုံးသောအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည့် ပါကစ္စတန်နိုင်ငံရေးသမား ဘာနာဇီယာဘူတိုသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံနေစဉ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

Read More

ဗန္ဓုလတံတားအဆင်းမှာ ကွန်တိန်နာကားတစီး ဘရိတ်ပေါက်ပြီး ကားခြောက်စီးဆင့်တိုက်မှု ဖြစ်ပွား

  ဒီဇင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့၊ ဗန္ဓုလတံတားအဆင်း၊ အိုးရှင်းအနီးမှာကွန်တိန်နာကားတစီး ဘရိတ်ပေါက်ပြီး ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ့ ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။ “အချိန်ကတော့ ၁ နာရီကျော်ကျော်လောက်ရှိမယ်။ ကျွန်တော်တို့ဆီမှာ ၁ နာရီ မီးပျက်တော့ ကျွန်တော်လည်း ပျင်းလို့ဆိုပြီး ဝရံတာထွက်ထိုင်နေတာ။ အဲ့ဒီ့မှာ တွေ့လိုက်ရတာက တံတားအဆင်းတော့ မဟုတ်ဘူး။ တံတားရဲ့ရှေ့က မီးပွိုင့် တပွိုင့်ကျော်မှာဖြစ်တာ။ တံတားအဆင်း လမ်း ၅၀ နား မရောက်ခင်မှာ မီးပွိုင့်တပွိုင့်ရှိတယ်လေ။ အဲ့ရှေ့မှာ Yuri Meiko ကလည်း ရှိတယ်။ ကွန်တိန်နာကားတစီးက ဘရိတ်ပေါက်တယ်လို့လည်း ပြောကြတယ်။ သူက မီးပွိုင့်ကိုကျော်လာပြီး အရှိန်နဲ့မောင်းလာပြီးတော့ Yuri…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ပင်လယ်နက်မှာ စစ်သင်္ဘောတစင်း ပျက်စီးခဲ့ကြောင်း ရုရှားအတည်ပြု

  မော်စကို၊ ဒီဇင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ပင်လယ်နက်မှာ ရုရှားစစ်သင်္ဘောတစင်း ပျက်စီးခဲ့ကြောင်း ရုရှားစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း ကရိုင်းမီးယားဒေသရှိ ဖီဒိုဆီယာဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ယူကရိန်းလေယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် ကမ်းတက်သင်္ဘောကြီးဖြစ်တဲ့ နိုဗိုချာကက်ခ်ကို ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ ယူကရိန်းလေတပ်က တိုက်လေယာဉ်ဟာ ရုရှားစစ်သင်္ဘောတစင်းကို ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းလေတပ်အကြီးအကဲကလည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။ တိုက်ခိုက်မှုကြောင့် လူတဦး သေဆုံးခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ တိက်ခိုက်မှုကြောင့် မီးငြှိမ်းသတ်နေချိန်မှာ အဲဒီနေရာကို ပိတ်ဆို့ထားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆိပ်ကမ်းလုပ်ငန်းတွေ ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့တယ်လို့ ကရိုင်းမီးယားဒေသမှာ တပ်စွဲထားတဲ့ ရုရှားစစ်တပ်အကြီးက ပြောပါတယ်။ ကရိုင်းမီးယားဟာ ယူကရိန်းရဲ့ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့်…

Read More

ပဲခူးမြို့နယ်အတွင်းမှ အသက် (၁၀) နှစ်ကျော်အရွယ် ကိုရင်ငယ် လေးပါးပျောက်ဆုံးမှု တလကျော်ကြာထိ ပြန်မတွေ့သေး

  ဒီဇင်ဘာ ၂၆ – ၂၀၂၃ SN (VOM) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀) မိုင်ကုန်းရှိ မဟာဝိဟာရကျောင်းတိုက်မှ အသက် (၁၀) နှစ်ကျော်အရွယ် ကိုရင် လေးပါး ပျောက်ဆုံးနေတာဟာ လက်ရှိမှာ ရက်ပေါင်း တလကျော် ကြာမြင့်လာနေပြီဖြစ်တယ်လို့ အဲ့ဒီ့ကျောင်းက ဦးပဉ္ဇင်းတပါးက မိန့်ကြားပါတယ်။ အဲ့ဒီ့ ကိုရင်ငယ်လေးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃) ရက်၊ မနက်ပိုင်းမှစတင်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး အခုအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ “ဆရာသမားတွေ၊ ဘုန်းကြီးတွေမသိခင်မှာ မနက်အစောကြီးထွက်သွားတာ။ မနက်အာရုံဆွမ်း ဘုန်းချိန် ၆ နာရီလောက်ပေါ့၊ အဲ့ဒီအချိန်မှာ ထွက်သွားတာ။ အခုထိတော့ ရှာလို့မတွေ့သေးဘူး။ ကိုရင်လေးတွေက ငယ်တယ်။ အသက် ၁၂/၁၃ အရွယ်လေးတွေ။ အရင်ကလည်း တခြားကိုရင်လေးတွေလည်း အဲ့လိုပဲ တခြားကျောင်းတွေဘာတွေ ရောက်သွားလို့ သွားခေါ်နေကျ။ အဲ့တော့…

Read More

လားရှိုး – နမ္မတူလမ်း နဲ့ နမ္မတူ – မူဆယ်လမ်း သွားလာခွင့်ပိတ်ထား

  ဒီဇင်ဘာ ၂၆၊ ၂၀၂၃ Shy (V) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး – နမ္မတူ လမ်းနဲ့ နမ္မတူ – မူဆယ် လမ်း လောလောဆယ် သွားလာခွင့် ပိတ်ထား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခု အီနိုင်း ကနေ လားရှိုး သွားလို့မရဘူး။ ပြီးတော့ လားရှိုး ကနေ မူဆယ်ကိုလည်း နမ္မတူက‌နေသွားလို့မရတော့ဘူး။ ဒီဇင်ဘာ ၂၅ ရက်နေ့ကစ ပိတ်တယ်။ မူဆယ် ပြန်တက်မရဘူး။” လို့ ခရီးသွား နေတဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။ လမ်း သွားလာခွင့် ယာယီ ပိတ်ထားတာကြောင့် နမ္မတူ ကနေ လားရှိုးဘက် စစ်ဘေးရှောင်လာသူတွေ အများအပြား လားရှိုး – နမ္မတူ လမ်းမ ပေါ်က မန်စံ ရွာမှာ…

Read More

သရုပ်ဆောင် မေသဉ္ဇာဦးရဲ့ သားအကြီး ယဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်

  ဒီဇင်ဘာ ၂၆ – ၂၀၂၃ SN (VOM) မနေ့ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်) ည ၁၀ နာရီခွဲဝန်းကျင်အချိန်က သရုပ်ဆောင် မေသဉ္ဇာဦးရဲ့ သားအကြီး ကိုမင်းသန်းကျော်ဟာ ကျောက်မြောင်းမှာ ယဉ်တိုက်မှုဖြစ်ပြီး ကွယ်လွန်ခဲ့တယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ဖြစ်စဥ်မှာ ကိုမင်းသန်းကျော်ဟာ MDY 15 9R/3105 KIA Carnvial ကားကို ရှင်ပါကူဆေးခန်းဘက်ကနေ ကျောက်မြောင်းမီးပွိုင့် ဘက်ကို မောင်းနှင်လာတာမှာ တာမွေမြို့နယ် ကျောက်မြောင်းမီးသတ်ရှေ့ အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်မိပြီး ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာ ဇင်ယော်မောင်မောင်က “သရုပ်ဆောင်မေသဉ္ဇာဦးရဲ့ သားလေး ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ကောင်းရာသုဂတိလားပါစေကြောင်း တောင်းဆုပြုပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ…

Read More

ထိုင်းတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထောင်ပေါင်းများစွာ ရေဘေးသင့်

  ဘန်ကောက်၊ ဒီဇင်ဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူထောင်ပေါင်းများစွာ ရေဘေးသင့်နေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ယာလာနဲ့ နာရသီဝပ်ပြည်နယ်တွေရှိ စာသင်ကျောင်း တဒါဇင်ကျော်ကို ပိတ်ထားရပြီး နေအိမ်တွေနဲ့ ဈေးဆိုင်တွေ ရေနစ်မြုပ်နေကာ ဒေသခံတွေဟာ နေအိမ်အပေါ်ထပ်တွေမှာ ခိုလှုံနေကြရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ စက်လှေခုနှစ်စင်းထက်မနည်း နစ်မြုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။ ရထားလမ်းတွေလည်း ရေနစ်ပျက်စီးခဲ့ပြီး မလေးရှားနယ်စပ်ကနေ တောင်ဘက်ကို ဦးတည်သွားရောက်မယ့် ရထားတွေဟာ ယာလာပြည်နယ်မှာ ရပ်တန့်နေကြရပါတယ်။ များမကြာမီရက်တွေအတွင်း ရေဘေးအခြေအနေပိုမိုဆိုးရွားလာပါက ပြည်နယ်တွင်းရှိ ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ Ref:AFP Photo:AFP  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၂၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၁၀ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၀ ကျပ် ဝယ်ဈေး – ၂၅၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More
VOM News

FREE
VIEW